အခန်းနှစ်ဆယ့်ကိုး - ဂျုတီအ​ပြောင်းအလဲ

574 96 17
                                    

ချန်ကျားယွီ၏ကားပေါ်မှဆင်းလာပြီ‌နောက်ဖန်းဟောက်သည် သူနေသည့်တိုက်ခန်း၏ဝင်ပေါက်သို့ အမြန်ပင်လျှောက်လာခဲ့မိလိုက်တော့သည်သာ။ သူ၏နှလုံးခုန်သံမှာ ဝုန်းဒိုင်းကြဲလို့နေပြီး အသက်ရှူရပင်အနည်းငယ်ခက်လာခဲ့ပါ၏။ သူသည်အကြင်သူ၏လက်အစုံအားတင်းကျပ်စွာဆုပ်ကိုင်ထားပေးပြီးမှ ပြန်လွှတ်ပေးခဲ့မိတာဖြစ်သည်။ သူသည် လွန်ခဲ့သောအခိုက်အတန့်က ချန်ကျားယွီရဲ့လက်‌မောင်းအား ထိတွေ့ခဲ့ပါသော အတွေ့အထိအာရုံအားယခုအချိန်အထိ ခံစားလို့ရနေသေးသည်ပင်။ ချန်ကျားယွီက သူရဲ့လေယာဥ်မှူးဝတ်စုံလက်တိုပုံစံကိုဝတ်ဆင်ထားခဲ့သည့်မို့ အထိအတွေ့တို့က ပိုမိုထင်ရှားလျက်သာ။ သူဘာတွေများဖြစ်နေတာပါလဲ? ဖန်းဟောက်သည် ဇဝေဇဝါဖြင့်သာ။ သူသည် သူ၏ထိန်းချုပ်နိုင်စွမ်းတို့အပေါ်အမြဲဂုဏ်ယူနေတတ်ခဲ့သည်သာဖြစ်ပြီးယခုလိုသူ၏ပုံစံမှလွတ်ထွက်သွားသည့်ပုံစံသည်အတော်လေးစိုးရိမ်ဖွယ်ကောင်းလှပါ၏။

ဒါကဖြစ်နိုင်ပါ့မလားဟုသူကတွေးမိသည်။ နှစ်ဦးသားအကြားအမှန်တကယ်ခင်မင်မှုမရှိပဲ ရိုးရိုးသားသားထိတွေ့လိုက်တာမျိုးရောဟုတ်ပါ့မလား? ဖန်းဟောက်သည် သူနှင့်ချန်ကျားယွီ၏ကြားရှိအရာရာကို တစ်ခါမှအာရုံစိုက်၍မတွေးခဲ့ဖူးပေ။ အထူးသဖြင့် ဆင်းသက်မီးကိစ္စအတွက် သူတို့ငြင်းခုံခဲ့ကြပြီး၏နောက်တွင် တစ်မျိုးတမည်ပြောင်းလဲနေခဲ့သည်ကိုသူသတိထားမိ၏။ သို့ရာတွင် နောက်ကိုပြန်ကြည့်ရလျှင်မူ ချန်ကျားယွီသည်လည်း သူတို့လုပ်ငန်းခွင်၏ အစိတ်အပိုင်းတစ်ခုထဲမှလူသာဖြစ်ပါ၏။ ဖန်းဟောက်သည် သူအများကြီးစဥ်းစားနေဖို့မလိုဟုတွေးလိုက်ပါ၏။ အခြားလူရဲ့အမြင်ကမည်သို့ပင်ရှိနေပါစေ သူချမှတ်ထားသောစည်မျဥ်းများအားဘယ်သူ့အတွက်နှင့်မျှချိုးဖျက်သွားမည်မဟုတ်ပေ။ ဒီအတွေးက သူ့ကိုစိတ်အေးချမ်းစေခဲ့သည်သာ။ နောဥ်ဆုံးရလဒ်မှာမဖြစ်နိုင်ဟူသည့်အတွေးရှိတာမို့ ယခုကြားထဲရှိဖြစ်ပျက်သွားသမျှသည် အရေးမကြီးပေ။

အိမ်သို့သူပြန်ရောက်သော် ညီဖြစ်သူဖန်းရှန့်ကျယ်အားရင်ဖွင့်ပြောပြရန်ရည်ရွယ်ချက်ရှိခဲ့၏။ သို့သော် ရှန့်ကျယ်သည် မနေ့ကတည်းက သူတို့မိခင်၏အိမ်သို့ပြန်သွားခဲ့ပြီးလေပြီ။

ချုံဝမ့်မီ​ကောင်းခုံးကျန့်လင် [The Approach ]《မြန်မာဘာသာပြန်》Where stories live. Discover now