အခန်းနှစ်ဆယ့်ရှစ် - တစ်ကိုယ်တည်းအကျဥ်းကျ​နေရသလိုခံစားချက်

604 94 16
                                    

သူ၏ညဂျုတီအား အဆုံးသတ်ခဲ့ပြီးနောက် ဖန်းဟောက်သည် ကြိုတင်စီစဥ်ထားသည့်အတိုင်း ချန်ကျားယွီနှင့်တွေ့ဆုံရန် ကားပါကင်သို့သွားခဲ့လိုက်ပါ၏။ အကြင်သူ၏လေယာဥ်ဆင်းသက်ပြီး နောက်ထပ်မိနစ်လေးဆယ်မျှကြာနေပြီဖြစ်သော်ငြား ချန်ကျားယွီမှ သူ့အားစိတ်ရှည်စွာစောင့်ဆိုင်းပေးနေခြင်းသည် အမှန်တကယ်ကို စကားပြောကြဖို့စိတ်ဝင်တစားရှိနေခဲ့တာဖြစ်လိမ့်မည်။ ထို့ကြောင့် ဖန်းဟောက်၏စိတ်ဝယ်သက်သာရာရသွားသော်ငြား သူ၏စိတ်ထဲမှနေ မည်သို့သောမှန်ကန်သည့်စကားလုံးတို့ကိုသုံးရပါလေမလဲဟု တွေးတောရုန်းကန်နေရဆဲပါပင်။ ရပ်နေသည့်အစား လုပ်သင့်လုပ်ထိုက်တာကိုလုပ်လိုက်သည်က ပိုကောင်းမည်ဟုသူကတွေးပါသည်။ အမြန်ဆုံးလုပ်လေပိုပြီးကောင်းလေပင်။

လေယာဥ်မှူးများပိုင်ဆိုင်လေသည့် ဇိမ်ခံကားအမျိုးအစားအများကြီးထဲတွင် ချန်ကျားယွီ၏ Porsche Macan သည် ထင်ထင်ရှားရှားမဟုတ်ပေ။ နှစ်စဥ်လစာဝင်ငွေသန်းနှင့်ချီကာရကြသောကြောင့် ထိုသူတို့၏ ကားအမျိုးအစားများမှာ ယွမ်ငါးသိန်း သို့တည်းမဟုတ် ခြောက်သိန်း အောက်ရှိသောကားများမဟုတ်ပါချေ။ သို့သော် ချန်ကျားယွီကား၏ ဖြူဖွေးသန့်ပြန့်နေသောအရောင်သည် ဖန်းဟောက်၏မျက်လုံးအစုံအား အမြဲဖမ်းစားနိုင်နေခဲ့၏။ အနားသို့လျှောက်သွားကာ ကား‌အရှေ့ပြတင်းအပြင်ကနေကြည့်မိတော့ ချန်ကျားယွီကားထဲတွင်ရှိနေကြောင်းတွေ့လိုက်ရပါ၏။ အကြင်သူသည် မျက်လုံးမှိတ်ထားကာ အိပ်ပျော်နေသလားပင်မသိရပေ။

ခနလောက်တုံ့ဆိုင်းနေပြီးမှ ဖန်းဟောက်က သူ့လက်ကိုအသာမြှောက်ကာ လက်ထိပ်ဖျားလေးတို့ဖြင့် ကားပြတင်းမှန်ကို အသာဖွဖွခေါက်လိုက်ပါတော့၏။

ချန်ကျားယွီက ချက်ချင်းပင် သူ၏မျက်လုံးတို့ကိုဖွင့်ကြည့်လာကာ ကားမှန်ကိုချပေးလိုက်သည်။ သူအိပ်ပျော်မနေပါကြောင်းပြသချင်နေသကဲ့သို့ပင်။ ထို့နောက် သူကဖန်းဟောက်အား “မင်းရောက်လာပြီ? “ဟု နှုတ်ဆက်ကာ ကားထဲဝင်ရန်အချက်ပြလေ၏။

အထဲဝင်မည့်အစား ဖန်းဟောက်မှ သူ့ကိုငုံ့ပြီးနှုတ်ဆက်လာပါ၏။

ချုံဝမ့်မီ​ကောင်းခုံးကျန့်လင် [The Approach ]《မြန်မာဘာသာပြန်》Where stories live. Discover now