အခန်းနှစ်ဆယ့်​ခြောက် - ရှန့်ဟိုင်

456 88 9
                                    

နောက်ရက်အနည်းငယ်တွင်ချန်ကျားယွီသည် ရှန့်ဟိုင်သို့ပျံသန်းခဲ့ရသည်။ ဖုတုန်းလေဆိပ်တွင်ဆင်းသက်ပြီးသည်နှင့် မြေပြင်အမှုထမ်းများမှ လောင်စာဆီပိုက်လိုင်းမှနေ၍ ဆီဖြည့်သွင်းသည့်လုပ်ငန်းစဥ်အတွင်း ချိတ်ဆက်ထားသောအဆို့ရှင်၏ အသေးစားပြဿနာတစ်ခုရှိနေသည်ကို သတိထားမိခဲ့ပေသည်။ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြကာပြုပြင်ခဲ့ကြပေမင့် အလုပ်မဖြစ်ပဲ လောင်စာဆီများက နှစ်နာရီနီးပါးရှိသည့်အချိန်အထိ ယိုစိမ့်နေခဲ့သည်မို့ နှောင့်နှေးမှုများဖြစ်လာပါတော့၏။ ထိုအကြောင်းအား မြေပြင်အမှုထမ်းများမှ ချန်ကျားယွီအားအကြောင်းကြားလာသည့်အချိန်ဝယ် ကျောပြင်မှချွေးတို့က အေးစက်စွာစီးကျလာသည်အားခံစားလိုက်ရတော့သည်။ သူသည်လွန်ခဲ့သောသုံးနှစ်ခန့်က ဂျာကာတာလေဆိပ်တွင်ဖြစ်ပျက်ခဲ့သော လောင်စာဆီမတော်တဆမှုအားပြန်လည်အမှတ်ရမိသွားတော့၏။

သူနှင့်အတူပျံသန်းလာခဲ့သော တွဲဖက်လေယာဥ်မှူးမှာ အတွေ့အကြုံလည်းသိပ်မရှိသူ သို့တည်းမဟုတ် ပျံသန်းချိန်နာရီပြည့်ဖို့ရာ အတွက်စိုးရိမ်နေရသူလည်းဖြစ်ပေမည်။ ထိုသူဟာ အပြန်လမ်းကြောင်းအားဆက်ပြီးပျံသန်းရန်ကုမ္ပဏီအားသတင်းပေးချင်ခဲ့၏။ ချန်ကျားယွီမှာမူ ထိုသူ၏အကြံပြုမှုအားစိတ်လည်းတိုသွားခဲ့ရပြီး ချက်ချင်းပင်အငြင်းစကားဆိုတော့တာပင်

“ မင်း တစ်ခြား စီအေ ၄၁၆ လိုမျိုးမတော်တဆမှုဖြစ်ချင်နေသလား? မမြင်နိုင်တဲ့လေဟင်ထက်ကပြဿနာတွေကို စမ်းသပ်စိန်ခေါ်ချင်တာမျိုးကသိပ်ကို အန္တရာယ်များလွန်းတယ်! ပြီးတော့ ငါ့ဘဝတစ်လျှောက်လုံးမှာ လေယာဥ်အင်ဂျင်ချို့ယွင်းသွားခဲ့ရတဲ့ခြောက်ချားမှုကိုအတိုင်းအတာတစ်ခုအထိကြုံခဲ့ရပြီးပြီ!!ငါ နောက်တစ်ကြိမ် အဲ့သလိုအတွေ့အကြုံမျိုးမလိုချင်တော့ဘူး”

ထိုတွဲဖက်လေယာဥ်မှူးမှာပြောစရာစကားတို့ပျောက်ဆုံးသွားခဲ့ရတော့သည်။ ခဏမျှ‌ကြာသော် သူသည် အပြစ်ရှိသလိုခံစားမိရသည်မို့ ကုမ္ပဏီ၏ အချိန်ဇယားများအားစီမံခန့်ခွဲပေးသူ သူနှင့်လည်းဆက်ဆံရေးအဆင်ပြေသည့် ဝမ်ရှန်းအားဆက်သွယ်ခဲ့လိုက်တော့သည်သာ။ ဝမ်ရှန်းက ချန်ကျားယွီအား ပြန်လည်အကြောင်းကြားလာသည်မှာ ယခုနေ့နှောင်းပိုင်းတွင် ဖုတုန်းသို့ပျံသန်းမည့်ဝန်ထမ်းအင်အား မလုံလောက်ပါဟူ၍ပင်။ ချန်ကျားယွီသည် ထိုအကြောင်းအား တွဲဖက်လေယာဥ်မှူးထံပြောပြကာ ထိုသူကို အခြားအဖွဲ့၏လေယာဥ်ဖြင့် အစားထိုးပျံသန်းရန်စီစဥ်ပေးလိုက်ပြီးနောက် သူကိုယ်တိုင်ကတော့ ကျန်နေခဲ့ကာ နောက်ထပ်ရောက်လာမည့် ‌လေယာဥ်အားစောင့်နေပြီးခရီးဆက်ဖို့သာရှိတော့၏။

ချုံဝမ့်မီ​ကောင်းခုံးကျန့်လင် [The Approach ]《မြန်မာဘာသာပြန်》Where stories live. Discover now