အပိုင်း { ၂ }

611 99 82
                                    

Zawgyi

သံပတ်ပေးထားသည့် အရုပ်လိုမျိုး လည်ပတ်ရသည့်နေ့ရက်တွေက လျင်မြန်စွာရောက်လာပြန်သည်။ကျောင်းဖွင့်ရက်ဆိုသည်နှင့် သက်ပြင်းမောကို အလိုလိုချမိပြန်သည်။တက္ကသိုလ်ဝင်ခွင့်အတွက် အရေးကြီးသည့်နှစ်ဆိုပြီး ဘဝဟာ မလွတ်လပ်တော့။မိုးလင်းမိုးချုပ် စာကလွဲပြီး ဘာမှမရှိ။သက်တမ်းရဲ့ ဆယ်စုနှစ်ကျော်တစ်လျှောက်လုံး ကျောင်းတက်လာခဲ့ရကာ စာ'ဆိုသည့် စကားလုံးအတိုင်း ကျက်လိုက်တွက်လိုက်နဲ့ပဲ အချိန်ကုန်ခဲ့သည်မှာ ခုထိမပြီးနိုင်သေး။

"ဟူးး! ငါ့ကိုပဲ တက်လုပ်သွားကြတော့ဟေ့ ! သောက်ရမ်း ခက်ချက်ပဲ !"

နဂိုတည်းက အင်္ဂလိပ်က ခပ်ရရဆိုတော့ ဘာသာရပ်နီးပါး အင်္ဂလိပ်လို ကျက်ရမှတ်နေရတာ တကယ်အဆင်မပြေတော့။အဲ့စာတွေက အိပ်နေရင်း တက်လုပ်သွားရင်းလည်း ကောင်းသား။တကယ်လုပ်ချင်စိတ်မရှိတော့။ပြော‌နေကျသလို စာအုပ်ကို ရှိခိုးလည်းမရ၊ခေါင်းခုအိပ်လည်းမရ၊ဘေးချအိပ်လည်း မရနဲ့ ဘယ်လိုလုပ်လုပ်တက်မလာ။

"ငါ့နှယ် ကျားအမြီးပြေးဆွဲတာကမှ ဟုတ်သေး ! မဟုတ်သေးဘူးဟ ကိုးမြီးမြေခွေးရဲ့ အမြီးတစ်ချောင်းစီ သွားဆွဲတာကမှ ပိုလွယ်သေးတာ !"

မကျေမချမ်း ရေရွတ်ရင်း စာရေးထိုင်ခုံမှထိုင်ကာ အပျင်းကြောဆွဲပစ်လိုက်သည်။ထို့နောက် ဘာဘာညာညာရှိလို့ရှိညား အောက်ထပ်ဆင်းလာလိုက်သည်။မီးဖိုဘက်တောင်မရောက်သေး လှေကားအဆင်းမှတင် အပေါ်သို့ ကပြာကယာပြေးတက်လာသည့် အိမ်အကူအစ်မကြီးကြောင့် ဂျွန့်မျက်ခုံးလေးတွေ စုကျုံ့သွားရသည်။ဘာဖြစ်ပြန်ပြီလဲမသိ!

"ဂျွန်လေး ဆင်းလာတာနဲ့အတော်ပဲ ~"

"ဘာလို့လဲ မစုစုရ ?"

"ဦးလေးခေါ်ခိုင်းလိုက်လို့ ~ အဲ့တာ ဧည့်ခန်းထဲသွားလိုက်အုံး ~"

ဂျွန် ခေါင်းကုပ်ကာ တွေးပူသွားရပြန်သည်။ဘာတွေ တရားဟောအုံးမလဲမသိဘူး။သွက်နေတဲ့ ခြေလှမ်းတွေက မသိမသာတော့နှေးကွေးသွားတာအမှန်။ဧည့်ခန်းဘက်ရောက်သည်နှင့် ဟိတ်ဟန်အပြည့်နဲ့ ဦးသူရကို ကိုတွေ့ပါပြီ။လက်ထဲမှာလည်း စာရွက်ကြီးနဲ့။အမှတ်စာရင်းတော့ မဟုတ်တာသေချာတယ်။

My Beloved DOCTOR Where stories live. Discover now