အပိုင်း { ၅ }

564 83 116
                                    

Zawgyi

တိတ်ဆိတ်နေတဲ့ လေထုက ခြားနားစွာဖြစ်တည်နေသည်။အမြဲလိုလို အသံသေးသေးလေး ထွက်နေကျဒီအချိန်သည် ဒီနေတော့ ထူးဆန်းနေတာအမှန်။မိသားစုအစုံအညီထိုင်ရသော ညနေစာထမင်းဝိုင်းဟာ ပုံမှန်လို ဟင်းအမျိုးအမယ်များစုံနေပေမယ့်လည်း သာလိကာလေးဟာ နှုတ်‌ပိတ်နေသည်။

စားပွဲရဲ့ထိပ်ဆုံးတွင်ထိုင်ကာ ညင်ညင်သာသာပဲ ထမင်းစားနေသည့် ဦးသူရကိုသည် အလွန်အင်မတန် ငြိမ်နေသော သားဖြစ်သူအား တစ်ချက်ကြည့်ကာ အဆင့်သင့် ငှဲ့ထားပြီးသား ရေကိုမော့သောက်ချသည်။ထိုအတူ မိန်းမဖြစ်သူနဲ့ သမီးကပါ သတိထားမိနေတာတောင် သားဖြစ်သူက မော့ပင်မကြည့်တော့ ဦးသူရကိုတို့ မနေသာတော့။ဒီဟာလေး ကောက်တတ်မှန်းသိပေမယ့် ဒီလောက်ထိ မထင်။

"တစ်အိမ်လုံးကို စိတ်ကောက်မယ်ဆိုလည်း ပီပီပြင်ပြင်ကောက်ချည်! မျက်နှာက လငမုတ်ဖမ်းသလိုလာလုပ်မနေနဲ့ ! မစားချင်ရင် ထသွား !"

ပိုပိုသာသာ ပြောလိုက်ပေမယ့် ထူးမခြားနားသာ။ထမင်းဖြူဖြူအား ပါသည်ဆိုရုံ ခပ်စားနေပြန်သည်။ရိုက်လိုက်တဲ့နေ့ ပြီးကတည်းက ဦးသူရကိုမှာ သားဖြစ်သူအတွက် ကြိုက်တတ်သည့်မုန့်များ ဝယ်လာကာ မသိမသာပြန်ချော့ပေမယ့် အဖေကို ခုထိအရေးမလုပ်။ထမင်းစားလည်း ဒီလိုပဲ။အခုပဲကြည့် ကြိုက်တတ်သည့် ဝက်သားဟင်းကိုတောင် ခပ်မစား။အရွက်ကြော်ဖြင့်သာ တို့စိစိစားသည်။အရင်က ဒီလိုမှမဟုတ်တာ။ဟိုဟာ စားချင်တယ် ဒီဟာချက်ပေးပါနဲ့။ပန်းကန်ထဲကြည့်ရင် ဘုရင့်စားပွဲလိုပဲ ဟင်းတွေချည်း။အခုမှ တစ်အိမ်လုံးကို ပတ်ကောက်နေတာ။ကြာတော့ ဦးသူရကို ပေါက်ကွဲပြီပေါ့။

"အဖေရယ် ဂျွန်က ကလေးပဲရှိသေးတာကို သိပ်မဆူပါနဲ့ ~"

"ညည်းက ဘာသိလို့လဲ ? ညည်းမောင် ကလေးက ၈တန်းနှစ်လောက်ကတည်းက ရည်းစားထားချင်နေပြီ !"

"အို တော်ကလည်း ကလေးက အဲ့လိုမဟုတ်ပါဘူး ~ ကြည့်ပါလား ခုထိ ဘာရည်းစားရှိလို့လဲ ~"

"မင်းက လိုက်ကာနေသိလား ! အဲ့ကလေးကို ဘာလို့ ဝိုင်းကျူရှင်မပို့လဲ သိသလား !"

My Beloved DOCTOR Donde viven las historias. Descúbrelo ahora