အပိုင်း { ၆ }

685 82 61
                                    

Zawgyi

သောကြာနေ့ဟာ ထူးထူးခြားခြားပိတ်ရက်နဲ့ ဆုံသည့်အခါ ဂျွန်မြင့်မိုရ်ကိုလေးရင်ထဲ ပန်းတွေပွင့်နေသည်။ပိတ်ရက်နဲ့ကပ်သည့် သောကြာနေ့ရောက်လျှင် ကျောင်းမသွားချင်တာက အတော်ကျသွားသည်။

မနက်နိုးကတည်းက လွတ်လပ်ရေးရစွာ ဂိမ်းကစားနေရင်းမှ နေ့လည်စာစားပြီး အဆီရစ်ကာ တရေးတမောအိပ်လိုက်သည်။အိပ်ရာနိုးတော့ ရှုပ်ပွပွဖြစ်နေသည့် ဆံပင်လေးတွေကို လက်နဲ့သပ်ကာ အောက်ထပ်သို့ ကသောသရောဆင်းလာသည်။ပုံမှန်ဆို ဆက်အိပ်နေမိမှာပေမယ့် ဗိုက်ထဲက သံစုံတီးဝိုင်းကြောင့် နှိုးလာတာမို့ ဖြည့်တင်းဖို့ ဆင်းလာခြင်းသာ။

လုပ်နေကြအတိုင်း သူ့အရပ်နီပါးရှိသည့် ရေခဲသေတ္တာကြီးကို ဖွင့်လိုက်တော့ အသီးအပြင် ကိတ်မုန့်တွေရော။ပြီးတော့ ဂျွန်သောက်နေကျ Pepsi နဲ့ Miloက ကဒ်လိုက်။Pepsiတစ်ဘူးအား ထုတ်ယူရင်း စူးစမ်းကြည့်မိတော့ လေးထောင့်ဘူးလေးနဲ့ ထည့်ထားသည့် တစ်စုံတစ်ရာ။ဒါဟာ ဂျွန့်အချစ်တော် ဂျေဒိုးနပ်သာဖြစ်သည်မို့ မျက်ဝန်းလေးတွေလက်ခနဲဖြစ်သွားပြီး ဘူးအား တစ်ခါတည်းယူကာ ခုံတွင်ဝင်ထိုင်လိုက်သည်။

"မေမေ ! ရေခဲသေတ္တာထဲက ဒိုးနပ်ကို စားလို့ရလား ?"

"ရပါ့တော် ! "

"ရရင် စားပြီ ~"

မေမေ့ဆီက အတည်ပြုချက်ရတာနဲ့ ယိုတွေပြည့်နေသည့် ဒိုးနပ်တစ်ခုကို ယူကာ တရှုံ့ရှုံ့နမ်းရင်း ပြုံးစစဖြင့် ပါးစပ်ထဲ အပြည့်ဖြစ်အောင် ကိုက်လိုက်သည်။အိစက်ညက်ညောပြီး စိမ့်နေသည့်အရသာက လည်ချောင်းတစ်လျှောက်ဖြတ်သွားကာ ပြည့်စုံမှုကို ရှာတွေ့သွားသည့်နှယ် မျက်ဝန်းတွေ မှိတ်ကျသည်အထိ ပြုံးလိုက်မိသည်။

"ဟင်မ်းးး ~~ ဒီအရသာလေး လွမ်းနေလိုက်တာ ~~"

"ရှေ့လူနောက်လူ ကြည့်စားအုံး ! စားလိုက်ရင် ဘယ်တော့မှ မကျန်ဘူး ! အဲ့တာ ယုကို မုန့် ! ကုန်ရင် ဟိုက သောင်းကျန်းအုံးမယ် !"

မေမေ့အပြောကြောင့် ဂျွန်က စားနေရင်းမှ နှာခေါင်းလေးရှုံ့သည်။မေမေကတော့ တစ်နေ့တစ်နေ့ ဦးသူရကိုရဲ့အကြိုက်တွေ လိုက်ချက်ရင်း ကိုယ့်သမီး ဘာကြိုက်လဲ မကြိုက်တာတောင် မေ့ကုန်ပြီထင်ပါရဲ့။မမက ဘယ်တုန်းကများ ဂျေဒိုးနပ်စားလို့လဲ။အချိုအစိမ့်တွေဆို weight တက်မှာစိုးလို့ ဝေးဝေးရှောင်နေကျ။

You've reached the end of published parts.

⏰ Last updated: Oct 30 ⏰

Add this story to your Library to get notified about new parts!

My Beloved DOCTOR Where stories live. Discover now