Part_2

374 18 2
                                    

" Hey! ရိပေါ် ငါဒီမှာ "

ရိပေါ်ဆိုင်ထဲဝင်ဝင်ချင်းလှမ်းခေါ်လာသောသူငယ်ချင်းဖြစ်သူ ဟောက်ရွှမ်းဆီသွားကာ

" Sorry...ငါနောက်ကျသွားတယ် "

" ရတယ် မင်းဘာမှာမလဲ "

" အဆင်ပြေတာ "

ဟောက်ရွှမ်းရိပေါ်အတွက်အဆင်ပြေမယ့်တစ်ခုခုမှာပေးလိုက်ပြီး ရိပေါ်ကိုကြည့်ကာစကားစလိုက်သည်

" အင်း ဆိုတော့ မင်းcompany ကဒီအမှုထဲပါနေတယ်ပေါ့ "

" အင်း ငါလည်း ကိစ္စတစ်ချို့ကြောင့်ဒီဘက်ကိုခဏမျက်နှာလွှဲလိုက်မိတာ "

ရိပေါ်ရဲ့ခပ်မှိုင်းမှိုင်းမျက်ဝန်းတို့ကဘာကိုဆိုလိုနေသလဲဆိုတာဟောက်ရွှမ်းကိုအလွယ်သဘောပေါက်စေသည်

" အခုကိစ္စကိုလည်း သိပ်စိတ်မပူပါနဲ့ မင်းသူငယ်ချင်းငါက တာဝန်ကျေတဲ့ရဲသားတစ်ယောက်ပါ ဟဲဟဲ "

ရိပေါ်ခေါင်းသာခါလိုက်သည် အပြင်လူနဲ့ဆိုခပ်တည်တည်နဲ့ရေခဲတုန်းကောင်က သူနဲ့ဆိုတကယ့်ငပေါ

" အေးပါကွာ ပြီးရင် company ခဏလိုက်ခဲ့ "

" အိုခေ "

>>>>>>>>>>>>

" ကော ... အန်ကယ် "

" အင်း "

ရှောင်ကျန့်ဖုန်းကိုယူလိုက်သည်

" Hello Dad "

" ကျန့်ကျန့် မင်းဘယ်သွားလဲ "

" ကျွန်တော် စိတ်ပြေလက်ပျောက်ခရီးထွက်လာတာ "

" မင်းအဖေကိုလိမ်မလို့လား! "

ဟုတ်သားပဲ သူအဖေ့က်ုလိမ်လို့မှမရတာ

" Dad သိတယ်မလား "

" သတိထား ကျန့်ကျန့် ဒီတစ်ခါ Dad အဆိုးမဆိုနဲ့ "

" Dad စိတ်ချပါ သားမှာ ဝမ်နင်ပါတယ် "

" ဟုတ်ပြီ တစ်ခုခုဆိုDad ကိုပြော "

" ဟုတ်ကဲ့ "

ဖုန်းချကာဝမ်နင်ကိုပြန်ပေးလိုက်ပြီးစကားစလိုက်သည်

" အခြေအနေ  "

" ကြည့်ရတာ ဒီတစ်ခါပြဿနာကနည်းနည်းကြီးပုံပဲ "

" အင်း ဖြေးဖြေးချင်းသွားကြတာပေါ့ "

>>>>>>>>>>>>

" ခင်များ ဘယ်လိုတွေလုပ်နေတာလည်း "

" ကိုယ်ဘာလုပ်လို့လည်း "

ဒေါသထွက်နေသောကောင်ငယ်လေးကိုခါးမှသိမ်းဖက်ကာလည်တိုင်ကိုဖွဖွနမ်းနေလိုက်သည်

" ကျစ်! ဖယ်စမ်းပါ "

ခါးတွင်ဖက်ထားသောလက်များကိုဖြုတ်ချကာစိတ်ရှုပ်ထွေးဟန်ဆံစများကိုထိုးဖွ‌နေကောင်ငယ်လေးကိုကြည့်ကာသူသက်ပြင်းမောချမိသည် ဒီကလေးကပူလောင်လိုက်တာများ

" ကျုပ်သူ့လုပ်ငန်းကိုပဲ ပြိုလဲစေချင်တာ လူကိုဆံချည်တစ်မျှင်တောင်မထိနဲ့ "

" မင်းအရမ်းစိတ်ပူနေတဲ့ အဲ့ဒီ့လူကို ကိုယ်သတ်ပစ်လိုက်ရမလား "

" ခင်များ !!! "

ဒေါသတရှုးရှုးထွက်ကာသူ့ကိုလက်သီးရွယ်နေသောထိုကလေးကိုသူဆက်မစတော့

" ဟုတ်ပြီ ဟုတ်ပြီ ကိုယ်ကစတာ "

" ကျုပ်ခိုင်းသလိုပဲလုပ် "

ပြောချင်ရာပြောပြီးထွက်သွားသောထိုကောင်လေးကိုကြည့်ကာသူမျက်နှာတစ်ပြင်လုံးပွတ်သပ်လိုက်မိသည် အဲ့‌ကလေးက ရိပေါ်ကလွဲရင်ဘယ်သူ့ကိုမှမမြင်ဘူးပဲ

>>>>>>>>>

ရိပေါ်သူ့ရဲ့ရုံးခန်းထဲတွင်မိုးချုပ်သည်အထိသုံးနှစ်စာလောက်မျက်နှာလွဲခဲပစ်လုပ်ထားခဲ့သောအလုပ်များကိုအစကအဆုံးသေချာစီစစ်ကာပြန်လုပ်နေရသည်

ဒီးးးး ဒီးးးး ဒီးးးး

" Hello ပါး "

" သား အဲ့မှာအခြေအနေ "

" စိတ်မပူနဲ့ပါး သားဟောက်ရွှမ်းနဲ့သေချာစုံစမ်းနေတယ် "

" ကိုယ့်ကိုကိုယ်သာ ဂရုစိုက် အခုဘယ်မှာလဲ "

" သားရုံးမှာပဲရှိသေးတယ် "

" မိုးချုပ်တဲ့ထိမနေနဲ့ "

" ဟုတ်ကဲ့ ပါး "

ရိပေါ်နာရီကိုကြည့်တော့ 8နာရီစွန်းစွန်း လုပ်လက်စကိုလက်စသက်ကာရုံးထဲမှထွက်၍ကားပါကင်သို့ဆင်းလာလိုက်သည် ရိပေါ်ကာတံခါးဖွင့်မည့်အချိန်ကိုက်ဝိုင်းလာသောမျက်နှာဖုံးစွပ်လူတစ်ချို့သူကြည့်မိတော့ငါးယောက်လောက်ရှိမယ်မလှမ်းမကမ်းရှိကားပေါ်တွင်လည်းထိုအချင်းအရာကိုကြည့်ကာမဲ့ပြုံးပြုံးနေသောလူတစ်ယောက်လည်းရှိသည်

××××××

🌷Loon Htet ThaDar🌷(7.9.2024)

ဝေဖန်ပေးကြပါဦးဗျ

\\မုန်း၍မရသော \\Where stories live. Discover now