ရှောင်ကျန့်ရိပေါ်ကိုတွေ့ပြီးထဲကထပ်တွေ့ချင်နေမိသည် သူသိပ်လွမ်းခဲ့ရတဲ့မျက်နှာလေးတစ်ခါထဲကြည့်ရုံနဲ့အလွမ်းပြေနိုင်မယ်တဲ့လား သူဒီနေ့ရိပေါ်ကိုတိတ်တိတ်ကလေးသွားကြည့်ဖို့ဆုံးဖြတ်ထားသည်
" ဝမ်နင် ငါအပြင်သွားလိုက်ဦးမယ် "
" ကော ...တစ်ယောက်ထဲဘယ်သွားမလို့လဲ "
" ရိပေါ်ဆီ ... "
" ကျွန်တော်လိုက်ခဲ့ဖို့မလိုဘူးလား "
" ငါတိတ်တိတ်ကလေးပဲသွားကြည့်မှာမို့ တစ်ယောက်ထဲပဲသွားမယ် "
" တစ်ခုခုဆို ကျွန်တော့်ကိုဖုန်းဆက်လိုက် "
" ဟုတ်ပြီ "
ရှောင်ကျန့်ရဲ့ရိပေါ်ကိုတိတ်တိတ်ကလေးသွားကြည့်မယ်ဆိုတဲ့အတွေးဟာရိပေါ်သူ့အရှေ့ကိုရောက်လာချိန်တွင်ကြက်ပျောက်ငှက်ပျောက်
>>>>>>>
ရှောင်ကျန့်ရိပေါ်ဆီမှအကြည့်လွှဲကာ
" မင်း လူမမှားရင်တောင် ငါတို့ကသိခဲ့ဖူးရုံလောက်ပဲ "
ပြောပြီးရှောင်ကျန်တပ်ထားသောMask ကိုဆွဲဖြုတ်ကာရိပေါ်ကိုခပ်အေးအေးပြောလိုက်သည်
အရမ်းလွမ်းနေခဲ့ရသောမျက်နှာလေးကိုမြင်လိုက်ရပေမယ့်ကြားလိုက်ရသောစကားများကနှလုံးသားကိုဓားနဲ့မွှန်းနေသည့်အလား
ဟုတ်တော့လဲဟုတ်ပါရဲ့ကျုပ်အမှားတွေပဲ ခင်များတန်ဖိုးကိုမသိခဲ့တဲ့ဒီကောင့်အမှားပါပဲကျုပ်သာ သူငယ်ချင်းထပ်ခင်များကိုဦးစားပေးခဲ့ရင်
ရိပေါ်ဆို့တတ်လာသောနာကျင်မှုကိုမျက်ကွယ်ပြုကာရှောင်ကျန့်က်ုရင်ခွင်ထဲမြုပ်သည်အထိဆွဲဖက်လိုက်သည်
" ကျုပ် ..ကျုပ်အမှားတွေပါ ကျုပ်တောင်းပန်ပါတယ် ခင်များရယ် "
ရှောင်ကျန့်ငြိမ်နေမိသည် ဒီကိုယ်သင်းနံ့ဒီရင်ခွင်ဘယ်လောက်တောင်ဝေးကွာခဲ့ရလဲ
ဒါပေမဲ့ ဝမ်ရိပေါ်လွယ်လွယ်ပြန်ရရင်ရောမင်းတန်ဖိုးထားပါ့မလားရှောင်ကျန့်အသာရုန်းကာ" ရိပေါ် ...မင်းကိစ္စတွေရှင်းသွားမှငါတို့ဒီအကြောင်းဆက်ပြောကြမလား "