>>အတိတ်ရဲ့နေ့ရက်တစ်ချို့<<
" မောင် ... ကိုယ်လုပ်တာမဟုတ်ရပါဘူး ကိုယ် တကယ်ကိုယ်ဘယ်လိုအဲ့ကားပေါ်ရှိနေမှန်းတောင်မသိရပါဘူးမောင်ရယ် "
မုန့်ယောင်ရဲ့ကားအက်စီးဒန့်မှာသူကဘယ်လိုပါဝင်သွားရတာလည်း နောက်ပြီးသူဘာမှမသိဘူး သူဘာလို့အဲ့ကားပေါ်ရှိနေရတာလည်း
" ခင်များနဲ့ ကျုပ်နောက်မှရှင်းမယ် !! "
ဆေးရုံဝန်းထဲရှိသစ်ပင်ရိပ်တစ်ခုအောက်သူ့အားတစ်ေယာက်ထဲထားခဲ့တဲ့ရိပေါ်ကိုကြည့်ကာသူမျက်ရည်တို့တားဆီးမရ
မောင်ကသူ့ကိုမယုံဘူး ငါဘာလို့အဲ့လိုလုပ်ရမှာလည်းမောင်ရယ် ငါအဲ့လောက်ထိအောက်တန်းမကျပါဘူး
ရှောင်ကျန့်ဆေးရုံထဲမှလှည့်ထွက်လာလိုက်တယ် သူအိမ်ရောက်တော့သူ့အဖေကသူဘကိုနှစ်သိမ့်တယ်" ရိပေါ်က သားကိုမယုံဘူးလား "
ရှောင်ကျန့်မျက်ရည်တို့စီးကျလာပြန်တယ်သူရိပေါ်နဲ့ပတ်သက်ရင်အထိခိုက်မခံဘူး နှလုံးသားကနုနယ်လွန်းတယ်
" ဟင့်...ဟင့်အင်း "
ရှိုက်သံတစ်ဝက်နဲ့ရောဖြေလာတဲ့သူ့သားကိုကြည့်ကာရှောင်းလူကြီးမင်းစိတ်မကောင်းသလိုဒေါသလည်းထွက်ရသည် ဘယ်လိုလူကငါ့သားကိုအကွက်ကျကျစီစဉ်ရဲရတာလည်း ကျန့်ကျန့်ပြောပုံအရဆိုသူ့သားကချောက်ချခံရတာ
" ကျန့်ကျန့် သားအဖေ့အင်အားကိုသိတယ်မလား "
" ဟုတ်ကဲ့ "
" ဒီကိစ္စကသွေးရိုးမဟုတ်ဘူးဆိုတာလည်း သားသိတယ်မလား "
" အင့် သား သိတယ်ပါး "
" အဖေ့ကိုဝင်ပါစေချင်လား "
ရှောင်ကျန့်မျက်ရည်တို့သုတ်ကာ တည်ငြိမ်အောင်ကြိုးစားလိုက်သည်
" သား ဘာသာရှင်းလိုက်မယ် ပါးကိုအလုပ်မများစေချင်ဘူး "
" ဟုတ်ပြီ ကိုယ့်ကိုကိုယ်တော့ဂရုစိုက် "
>>>>>>>>>>>
" အားးးးးး အ့ ဝေါ့ ဟင်းးဟင်းးး "
မြို့ပြင်ရှိစက်ရုံဟောင်းတစ်ခုရဲ့အလယ် ခုံနဲ့ပူးတွဲကြိုးချည်ခံထားရတဲ့လူတစ်ယောက်တစ်ကိုယ်လုံးမှသွေးများကလည်းချင်းချင်းနီလို့ ဘေးရှိလက်ဆွဲလှည်းထဲတွင်လည်းခွဲစိတ်ခန်းသုံးပစ္စည်းများကလည်းအစုံ အဖမ်းခံထားရတဲ့လူမှာတုတ်တုတ်တောင်မလှုပ်နိုင်သတိလစ်နေဆဲ