Part_3

260 15 2
                                    

" ဟက်! ...ဘာလဲ ဘယ်သူ့ကိုထိချင်နေကြတာလဲ "

"ဝမ်နင် ...မင်းတစ်ယောက်ထဲရလား "

" ကျွန်တော်အဆင်ပြေတယ်ကော "

" ဟုတ်ပြီ ...သွားတော့ "

ရှောင်ကျန့်ပြောပြီးသည်နှင့်တစ်ပြိုင်ထဲထိုလူငါးယောက်ဝိုင်းနေသောရိပေါ်ထံသို့သွားလိုက်သည်
ရိပေါ်အခြေအနေကိုတစ်ချက်ကြည့်လိုက်သည် လူသုံးယောက်လောက်ဆိုမပြောသာပေမယ့်အခုဟာကငါးယောက်ဆိုတော့သူလည်းအခြေအနေမဟန် သူအတွေးများနေစဉ်ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်ရောက်လာပြီး

" ဟေ့ ...ငါးယောက်တစ်ယောက်မမျှဘူးလေကွာ "

ထိုလူကစိန်ခေါ်ပြီးသည်နှင့်တစ်ပြိုင်နက်လူနှစ်ယောက်ကထိုလူ့ထဲကမူးရှုးထိုးပြေးသွားကာရုန်းရင်းဆန်ခက်ဖြင့်သတ်ပုတ်ကြသည် ကျန်လူသုံးယောက်ကသူ့အနားတိုးလာသောကြောင့်သူလည်းတွေဝေမနေတော့ပဲစတင်ခုခံရတော့သည် ငါးယောက်နှစ်ယောက်ပေမယ့်ဟိုလူကတော်‌တော်သန်သည်အဲ့လူဘက်ကနှစ်ယောက်မှောက်သွားသည်နှင့်သူ့ဘက်ကိုလာကူပေးသည်ရိပေါ်လည်းခေသူမဟုတ်ထိုလူ‌သုံးယောက်လောက်ကတော့သူလည်းအမှောက်သိပ်နိုင်သည် သူတို့နှစ်ယောက်ဘက်ကအသာစီးရသည်နှင့်အဲ့လူငါးယောက်မှာပြေးထာတစ်ချိုးထဲ ရိပေါ် သူ့အားကူညီပေးသည့်လူကိုကြည့်ကာ

" ကျွန်တော့်ကို ကူညီပေးတာ...ကျေးဇူးပါ "

" ရပါတယ် အမြင်မတော်လို့ ဒါဆိုကျုပ်လည်းသွားလိုက်ဦးမယ် "

" ဂရုစိုက်သွားပါ "

ဝမ်နင်ခေါင်းငြိမ့်ပြကာထွက်လာလိုက်သည်
ရိပေါ်ကားထွက်သွားမှရှောင်ကျန့်တို့ပြန်လာလိုက်သည်
ဒီနေ့သူမြင်လိုက်ရသောရိပေါ်မျက်နှာလေးကြောင့်သူ့အိမ်မက်တွေလှတော့မယ်ထင်ပါရဲ့

(ကိုယ်မင်းကိုအရမ်း လွမ်းနေခဲ့တာ )

>>>>>>>>>>

ရိပေါ်ရုံးခန်းထဲရှိနေချိန်အလောတကြီးဝင်လာသောဟောက်ရွှမ်းကိုဘုကြည့်ကြည့်လိုက်သည်

" ဘယ်လိုဖြစ်လာတာလည်း အလောတကြီး "

" မင်းကိုလာကြည့်တာ ဘာမှမဖြစ်ဘူးမလား "

\\မုန်း၍မရသော \\Where stories live. Discover now