လက်ရှိအချိန်>>>>>
ရှောင်ကျန့်ဒီနေ့အစောကြီးနိုးနေတယ်။မနေ့ကညကြီးမိုးချုပ်မှဝမ်နင်ဖုန်းဆက်လာတယ်ရိပေါ် company ဆီမှာ မူးယစ်ဆေးဝါးအမှုရဲ့အဖြေတွေရှိနေတယ် သူသိချင်နေပြီ ဘယ်သူကများရိပေါ်ကိုတိုက်ခိုက်နေတာလည်းရှောင်အတွေးတွေကိုအဆုံးသတ်ပြီးအလျှင်အမြန်ပဲရေချိုးခြင်းအမှု့ကိုအဆုံးသတ်လိုက်တယ်ရေချိုးခန်းထဲမှထွက်လာပြီးအရင်ဆုံးဝမ်နင်ကိုဖုန်းခေါ်လိုက်တယ်
" Hello...ကော "
" ဝမ်နင် ငါတို့သွားစရာရှိတယ် မင်းမနေ့ကပြောတဲ့ကားဒရိုက်ဘာရဲ့အိမ် "
" ကျွန်တော် ခဏနေလာခဲ့မယ်ကော "
ဝမ်နင်နဲ့ရှောင်ကျန့်ကကွန်ဒိုတစ်ခုထဲဆိုပေမယ့်နှစ်ယောက်အတူမနေတစ်ယောက်တစ်ခန်းပေမို့တကူးတကသူ့ဆီမသွားတော့ပဲဖုန်းပဲဆက်ခေါ်လိုက်တော့တယ်
တင်းတောင် တင်းတောင်
ဝမ်နင်ရောက်ပြီထင်တယ် ရှောင်ကျန့်သောက်လက်စကော်ဖီကိုထားခဲ့ကာကားသော့ဆွဲပြီးထွက်လာလိုက်သည်
နှစ်ယောက်သားကားပါကင်သို့လျှောက်လာပြီးဝမ်နင်မှမောင်းသူနေရာဝင်ကာကားစက်နှိုး၍စတင်ထွက်ခွာလိုက်သည်
" သူတို့က သားအဖနှစ်ယောက်ထဲကော သူအမျိုးသမီးကလွန်ခဲ့တစ်နှစ်ကပဲကင်ဆာနဲ့ဆုံးသွားတာ "" အင်း သူ့ဆီကငါတို့သိချင်တာတွေသိရမှဖြစ်မယ် "
ဝမ်နင်ခေါင်းငြိမ့်ကာကားကိုပဲအာရုံစိုက်မောင်းနှင်လာပြီးလမ်းကွေ့တစ်ခုရဲ့ထိပ်ဆုံးအိမ်ကလေးရဲ့ရှေ့သစ်ပင်အောက်တွင်ကားရပ်ကာနှစ်ယောက်သားကားပေါ်မှဆင်း၍ခြံတံခါးဘေးရှိလူခေါ်ဘဲလ်ကိုနှိပ်လိုက်သည်
တင်းတောင် တင်းတောင်
ခဏအကြာတံခါးလာဖွင့်သူမှာကလေးမလေးတစ်ယောက်အသက်အားဖြင့်တော့ဆယ်နှစ်ကျော်၁၂နှစ်လောက်ပဲရှိဦးမည်
ကလေးမလေးကသူတို့ကိုသေချာကြည့်၍" ဦးဦးတို့က ဘယ်သူလဲ "
ဝမ်နင်ကလေးမလေးအရှေ့ထိုင်ချကာ
" ဦးဦးတို့က သမီးအဖေရဲ့မိတ်ဆွေတွေပါ သမီးအဖေရှိလား "
ကလေးမလေးကသူ့အဖေရဲ့မိတ်ဆွေဆိုမှတံခါးအပြည့်အဝဖွင့်ပေးကာပြုံး၍ကြိုဆိုလာတယ်