Part_6

150 12 9
                                    

တစ်ခုသောမနက်ခင်းတွင်....

" ဟက်! အကွက်လေးတွေလှတယ်နော် မုန့်ယောင် "

ရှောင်ကျန့်မျက်နှာဝယ်လှောင်ပြုံးတို့ဆင်မြန်းလျှက် မုန့်ယောင်ကိုကြည့်နေသောမျက်ဝန်းတို့ကအေးစက်စက် မုန့်ယောင်လဲလျောင်းနေသောကုတင်ဘေးတွင် ဝတ်စုံအပြည့်ဖြင့်‌ဘောင်းဘီအိတ်ထောင်ထဲလက်ထည့်ကာမထီတရီပြုံးနေသောရှောင်ကျန့်ကို မုန့်ယောင်ကြည့်၍သဘောတကျပြန်လည်ပြုံးပြလျှက်

" အဟင်း! သိသွားတာလား ငါ့ရဲ့အစေခံလေးကအလုပ်ကောင်းကောင်းမလုပ်ဘူးပဲ "

ရှောင်ကျန့်မုန့်ယောင်ကိုကြည့်ကာတကယ်လက်မြှောက်မိသည် အပြစ်လုပ်ထားပြီးတာတောင်အပြုံးတစ်ချက်မပျက် တပါးသူကိုပါချိုးနှိမ်ပြောလိုက်သေးသည် ဒီလိုလူကရိပေါ်ရဲ့ငယ်သူငယ်ချင်းတဲ့လား နောက်ပြီးသူ့လိုအဆင့်အတန်းနဲ့များရိပေါ်ကိုတပ်မက်နေတာတဲ့လား ဟက်!

" အဲ့တာကြောင့်လူတိုင်းကအပေါ်ယံကြည့်ပြီးမဆုံးဖြတ်နဲ့လိုပြောကြတာ ... ရိပေါ်တော့လုံးဝအရူးလုပ်ခံရတာပဲ "

" ဟက်! ဘာပဲဖြစ်ဖြစ်ပါ အခုရိပေါ်ကမင်းကိုအရင်လိုချစ်သေးရဲ့လား "

" မင်း! "

ရှောင်ကျန့်တုန်လှုပ်သွားပုံကိုကြည့်ကာမုန့်ယောင်ဟက်ဟက်ပတ်ပတ်ရယ်တယ်

" ဘယ်လိုပဲဖြစ်နေပါစေ ငါ့လုပ်ရပ်ကြောင့်မင်းတို့ဝေးသွားရင်ပဲငါကျေနပ်တယ် "

" တောက်!! "

ရှောင်ကျန့်စိတ်မထိန်းနိုင်စွာမုန့်ယောင်လည်ပင်းကိုလက်တစ်ဖက်နဲ့ညစ်ထားမိကာမျက်ဝန်းမှာလည်းဒေါသကြောင့်နီဆွေးလျှက်

ထိုအချိန်အမှတမထင်အခန်းထဲဝငလာသောရိပေါ်

" ရှောင်ကျန့်! "

ရှောင်ကျန့်ရုတ်တရပ်ရိပေါအသံကြောင့်မုန့်ယောင်လည်ပင်းကိုလွှတ်ကာလှည့်ကြည့်လိုက်မိသည်

" အဟွတ်! အဟွတ်! ဟင်းးး "

‌ရိ‌ပေါ်အနားသို့အမြန်လာကာရှောင်ကျန့်ကိုတွန်းထုတ်လိုက်သည်

" မောင် "

ရိပေါ်မုန့်ယောင်ဘက်လှည့်ကာ

" မုန့်ယောင် ဘာဖြစ်သွားသေးလဲ "

\\မုန်း၍မရသော \\Where stories live. Discover now