Ep - 1

186 7 1
                                    

သင်းပျံ့နေသည့် မြေနံ့သည်မနက်က အငြှိုးကြီးစွာရွာထားသောမိုးကြောင့်။အိမ်ရှေ့မှ ပန်းပင်များသည် အစွမ်းကုန်ပွင့်လန်းနေကာ တစ်ချို့အပင်သေးများသည် ကုန်းကာကိုင်းကာဖြင့်။
အငြှိုးကြီးစွာရွာချသွားသည့်မိုးစဲသွားပြီးနောက် လောကတစ်ခွင်အရှင်ဘုရင်ဖြစ်သည့်နေရောင်နုနုလေးထွက်ပေါ်လာသည်။မနက်ကလျှော်ထားသည့်အဝတ်များအား အပြင်ထုတ်ကာ မိုးအခြေနေကိုစောင့်ကြည့်နေစဉ် အပေါ်အောက်အနက်ရောင်ဖြင့် ခပ်သွက်သွက်လမ်းလျှောက်လာသည့်သူ....ထိုသူကားတစ်ခြားမဟုတ် မောင်သာလျှင်။
မောင့်ကိုမြင်သည်နှင့် ခြေလှမ်းတွေသည် တိုင်ပင်စရာမလို မောင့်ထံပါးသို့ ဦးတည်သွား၏။

"ဟာ သဲငယ် အထဲမှာပဲနေ မိုးဖွဲဖွဲလေးကျနေတယ်"

"မောင် နောက်ကျတယ်နော် 5နာရီတောင် ထိုးနေပြီ"

"လူကျလို့ ကူပေးနေတာ သဲငယ်ရဲ့ သွားသွား အိမ်ထဲဝင်"

"ဟုတ်လား အဲ့တာဆို အဝတ်တွေ ရုတ်လိုက်ဦးမယ် မောင်ဝင်နှင့်"

"သွားပါ သဲငယ်အထဲမှာ စောင့်နေ ဒါတွေ ယူသွား မောင်အဝတ်ရုတ်ပြီး လိုက်လာခဲ့မယ်"

"မောင်....."

ထွက်လာမည့်စကားသံတို့အား
နှုတ်ခမ်းဖြင့် ဖိကပ်နမ်းကာ
ပိတ်ချလိုက်သည့် မောင်....။

"သွား ထပ်ပြောရင် မနက်ဖြန်ကျောင်းမတက်နိုင်ဖြစ်သွားမယ်"

မောင်သည် ဆိုင်သူလေးအား
အိမ်ပေါက်ဝဘက်သို့ တွန်းကာ
ပြီတီတီမျက်နှာထားဖြင့်
မျက်ခုံးတစ်ဖက်ပင် ပင့်ပြ‌ေန‌ေသးသည်။

"တူတူ ရုတ်ပါမယ် အများကြီးလဲ မဟုတ်တာကို"

"မောင့်သဲငယ်"

မောင့်သဲငယ်ဆိုတဲ့ ခေါ်သံတွေကြားရတိုင်း
ရိုကျိုးနေမိတာ ဂျီမင်ရဲ့ အကျင့်တစ်ခုလို။
ယောက်ျားတစ်ယောက်ကို သဲငယ်ဆိုသည့် အသုံးအနှုန်းမျိုး မသုံးသင့်ဘူးဆိုပေမယ့်
ဂျီမင်တစ်ယောက် မောင့်နှုတ်ဖျားမှ သဲငယ်လို့ တစ်ခါခေါ်တိုင်း ရင်တလှပ်လှပ်ဖြင့် ရှက်ရွံ့နေမိသည်။

"အင်းပါ ပေးပေး သွားပြီ"

မောင့်ဆိုင်သူတစ်ယောက် နှုတ်ခမ်းလေးထော်ကာ ခြေလေးဆောင့်၍ အိမ်ထဲသို့ဝင်သွားချေပြီ။အဝတ်တွေရုတ်ရင်း အသဲတယားယားဖြင့် ပြုံးပြုံးကြီး လှမ်းကြည့်နေသူမှာ မောင်။

မောင့်ထံပါးသို့ နားပါရစေWhere stories live. Discover now