EP - 4

62 5 1
                                    

"အချိန်တစ်လတောင်ရသေးတာ သေချာစဉ်းစားရမှာပေါ့"

"စဉ်းစားလဲ ဒီအဖြေပဲကို မောင်ရာ"

"မောင်တစ်ယောက်ထဲဆိုရင်တော့ မောင်လဲမသွားဘူး"

"မင်းမသွားလို့မရဘူးလေ မောင်ကလဲ"

"သဲငယ်မှမပါတာ မသွားဘူး"

"သွားရပါမယ်ဆို"

သွားရမယ် မသွားဘူးနဲ့ ပြိုင်းငြင်းနေကြသည်မှာ မနက်အိပ်ယာထကတည်းက။ဝရံတာထွက်ကာ သူတို့နှစ်ဦးငြင်းဆိုနေသည်မှာ အချိန်အားဖြင့် တစ်နာရီခန့်ပင်ရှိချေပြီ.....ငြင်းခုံ၍မပြီးကြသေး။ဖောင်ထဲတွင်ပါသည့်အချက်အလက်များအား တစ်ချက်ဖတ်လိုက် တစ်ခါဆွေးနွေးလိုက် တစ်ခါအော်လိုက်နှင့် အဆင်ကိုမပြေခဲ့။ဘယ်အဆင်ပြေမလဲ နှစ်ယောက်လုံးက ဆန့်ကျင်ဘက်တွေပဲဟာ။

တစ်ယောက်က ကော်ဖီကြိုက်ရင် တစ်ယောက်က နွားနို့ကြိုက်သည်။တစ်ယောက်က အဖြူရောင်ဆိုလျှင် နောက်တစ်ယောက်က အနက်ရောင်။ယခုတိုင် တစ်ယောက်က ထားခဲ့ပြီးသွားရမယ်...တစ်ယောက်ကမထားခဲ့နိုင်ဘူးငြင်းခုံနေကြပြီ။အခေါက်တိုင်း အရှုံးပေးခဲ့သည်မှာ ဂျီမင်သာလျှင်။မောင့်မျက်နှာ တစ်ချက်အငြှိုးမခံ ရွှေစိတ်တော်လေး လန်းနေမှ ရွှေရင်အေးသည်မို့ အစအဆုံး အလိုလိုက် အကြိုက်ဆောင်ခဲ့သည်။
ယခုအကြိမ်တော့ မောင့်ကို သူအလိုမလိုက်‌နိုင်တော့။

ဖောင်ထဲတွင် ပါသော အချက်အလက်များအရ
ကျောင်းပြီးသည်နှင့် USက နာမည်ကြီးဆေးရုံမှာ အလုပ်ရမည်။ထို‌ေဆးရံုသည် တော်ရုံတန်ရုံလူဝင်ခွင့်မရ ထူးချွန်ထက်မြတ်သူများသာလျှင်ဝင်ခွင့်ရသည့်အတွက် လူဦးရေသိပ်မများသလို လစာလဲ‌ကောင်းသည်။ဘယ်သူက ဒီအခွင့်အရေးကို လက်လွှတ်နိုင်ပါ့မလဲ....အကြောင်းကြောင်းကြောင့် လက်လွှတ်ရရင်တော့ မပြောတတ်ဘူးပေါ့လေ။

"နော် မောင်နဲ့အတူသွားကြမယ်လေကွာ နော်"

မောင် ဘယ်လိုမှစိတ်မချနိုင်ပါ....
ဒေါ်ဖြစ်သူစီပြန်နေမှာတောင် စိတ်မချလို့ မပြန်စေချင်တာ ဒီမှာ တစ်ယောက်ထဲထားခဲ့ပြီး USကို ကျောင်းသွားတက်ဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်သေးတယ်။

မောင့်ထံပါးသို့ နားပါရစေWhere stories live. Discover now