"ကဲ ပြောတယ်မလား ဒီတစ်ခါ ဘယ်စာအုပ်လဲလို့""အဲ့တာ မင်း နမိတ်ကြိုဖတ်လိုက်လို့လေ မောင်ဘာသာဆို နိုင်အုံးမှာ"
"လျှောက်ပြောပြန်ပြီ နိုင်တဲ့အခေါက်တွေလက်ချိုးရေရင်တောင် ဆယ်ကြောင်းမပြည့်တာ"
"ဘာပဲဖြစ်ဖြစ် ရှုံးတာ မောင့်ကြောင့်မဟုတ်ဘူး မင်းကြောင့်ပါဆို"
နှုတ်ခမ်းတစ်လံ ပန်းတစ်လံနှင့် သူ့ကြောင့်ရှုံးတာမဟုတ်ကြောင်း ရှင်းပြနေသော မောင်သည် တော်ရုံစွာခြင်းမဟုတ်။ရည်းစားပင်မချန် စွာနေသောမောင့်ကြောင့် ဂျီမင်တစ်ယောက် ရယ်နေရုံကလွဲဘာမှပြန်မပြောနိုင်တော့ချေ။
"ဘာရယ်တာလဲ"
"ဘာမှမရယ်ပါဘူး"
"နောက်နေ့နိုင်စေရမယ်"
"အေးပါ အေးပါ ဆရာလာတော့မယ် ကိုယ့်အတန်းကိုသွားတော့"
ရယ်ချင်စိတ်ကို ထိမ်းချုပ်ကာ ခပ်တည်တည်ဟန်ဖြစ်ရန်အရင်ပြင်၍ အတန်းထဲသွားရန် မောင့်အားပြောရတော့ဘည်။အသံအောင်လွန်းတဲ့
ဆရာမလာခင် နှင်လွှတ်ရသည်မှာလဲ မနက်တိုင်း
အလေ့အကျင့်ဖြစ်တောမည်ထင်ပါတယ်။"မင်းအတန်းဖော်မှမလာသေးတာ"
"ကျွန်တော်ရောက်နေတာကြာပါပြီ
စကားပြောလို့မပြီးသေးဘူးထင်လို့ မလာတာပါ"မောင်တို့နှစ်ယောက်၏ ကျောဘက်မှ ခပ်ဩဩအသံတစ်သံ။အနည်းငယ်ရင်းနှီးနေသော အသံမို့
ရုတ်တရက်လှည့်ကြည့်လိုက်မိခြင်းတွင်စားပွဲမျက်နှာပြင်နှင့် ပါးပြင်တစ်ဖက်ထိကပ်ကာ မျက်လုံးတွေကို မှိတ်ချထားသည့် အညိုရောင်။
အတန်းထဲလူစုံလုနိပါးဖြစ်နေတာတွေ့ပေမယ့် အညိုရောင်ကိုတော့ တစ်စက်လေးမျှမတွေ့ခဲ့။သို့သော် ခုံပေါ်ခေါင်းတင်၍ မျက်လုံးတွေမှိတ်ထားသည့်သူကိုတော့ မောင်တို့သတိထားခဲ့မိကြသည်။သို့သော်ငြား အညိုရောင်လေးဟုမထင်ခဲ့။*****
"ယောင်း မင်းပင်းပန်းအောင်ကွာ"
"ဘာပင်ပန်းလို့လဲ ချစ်နေရုံလေ"
"သူ့မှာက ပိုင်ရှင်ရှိပြီးသားလေ"