"မောင် ခုချိန်ထိ စာကဖတ်လို့မပြီးသေးဘူးလား"
"ခဏလေးပါ ဒီမှာ စာဖတ်လို့ ပြီးတော့မယ်"
"မင်း စာတွေလုပ်ရအုံးမယ်လေ"
"သိပါတယ် သဲငယ်ရာ ဒီမှာတကယ်ပြီးတော့မယ်"
"အေး စာမေးပွဲကျ မင်းစာအုပ်ထဲက အချစ်အကြောင်းတွေပဲ ထည့်ဖြေခဲ့"
အလုပ်ကပြန်ရောက်ပြီး ရေမိုးချိုး အဝတ်အစားလဲ စားသောက်ပြီးစီးပြီးထဲက ထိုင်ဖတ်နေသည့်စာသည် နာရီလက်တံတွေပြောင်းသွားခဲ့ပေမယ့် ယခု8နာရီခွဲပြီးသည့်တိုင် မပြီးသေးချေ။
မောင်စာထိုင်ဖတ်နေထဲက ဂျီမင်တစ်ယောက် ဆေးပညာများကို လေ့လာနေသည်...ကျက်စရာရှိတာကျက်၍မှတ်စရာရှိတာမှတ်နေသည်။ခေါင်းလေးကုပ်လိုက် ဖင်လေးကုပ်လိုက်ဖြင့် သင်ခန်းစာအလီလီပြီးသွားခဲ့သော်လည်း မောင်စာဖတ်နေဆဲ။မပြောလို့တော့ မဖြစ်တော့ ပြောကိုပြောမှရတော့မည်ဖြစ်၍ ပြောတော့ ပြီးတော့မယ်ဆိုတဲ့ စကားနဲ့ တုန့်ပြန်လာသည်။ဆိုင်သူလေးတစ်ယောက်စိတ်မရှည်တော့ ဘာမှထပ်မပြောဘဲ လုပ်စရာရှိသည်ကိုသာ အသံတိတ် ဆက်လုပ်နေသည်။"သဲငယ် ဒီထဲကအမျိုးသမီးက သူ့ရည်းစားကို အရမ်းချစ်တာ သိလား"
"......."
"အိမ်ထောင်ကျသွားတာတောင် သူ့ခမျာသံယောဇဉ်မပြတ်နိုင်လို့ ယောက်ျားမယူနိုင်ရှာဘူး"
"......"
"အဲ့တာတော့ မမိုက်ပါဘူးကွာ သူတောင်ပြတ်နိုင်တာ ကိုယ်လဲပြတ်နိုင်ရမှာပေါ့"
"......"
"သဲငယ်"
"သဲငယ်လို့"
တစ်ခွန်းပြီးတစ်ခွန်း မရပ်မနားပြောခဲ့သော်လဲ ဆိုင်သူလေးစီက reply မရခဲ့။
မကြားချင်ယောင်ဆောင်ကာ
စာဆက်လုပ်နေသည့် မောင့်ဆိုင်သူသည်
နှုတ်ခမ်းကို တစ်တောင်လောက် ထော်ထားသေးသည်။စိတ်ကောက်နေတာ သိပေမယ့်
မချော့တတ်ခြင်းရဲ့ခေါင်းစဉ်အောက်
မောင်တစ်ယောက် အကြပ်ရိုက်ချေပြီ။
ဖတ်လက်စ စာအုပ်အား ခေါင်းအုံးပေါ်တွင်တင်ခဲ့၍ ဆိုင်သူလေး၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ စာရွက်များကို ဟိုလှန်ဒီလှန်လုပ်ရတော့သည်။စာရွက်များကို တစ်လှည့် ဆိုင်သူလေးမျက်နှာကို တစ်လှည့် ခိုးခိုးကြည့်ကာ
မည်သို့မည်ပုံချော့ရမည်ကို အသံတိတ်စဉ်းစားနေခဲ့သည်။5မိနစ် ဘာအကြံမှထွက်မလာ...ထပ်မံ၍10မိနစ် ယခုထိတိုင် ဘာအကြံမှမထွက်သေး....15မိနစ် ဂျွန်ဂျေုာင်ဂုတို့ မျက်ရည်ဝဲချေပြီ။