"သဲငယ်"
ဒီနေ့သူကျောင်းမသွားဘူးဟုဆုံးဖြတ်ကာ
ဟျောင်းဆိုင်မှာ အလုပ်လုပ်နေလိုက်သည်။
အစောပိုင်းဖြစ်သည့်အတွက် ဆိုင်မဖွင့်သေး။
ဆိုင်အတွင်း လုပ်စရာရှိသည်များကို ကြိုတင်ပြင်ဆင်ကာ
ကော်ဖီလေးတစ်ခွက်ဖျော်နေလိုက်သည်။ေကာ်ဖီေဖျာ်နေစဉ် ကြားလိုက်ရသည့် ခပ်တိုးတိုးခေါ်သံလေးကြောင့် ခါးသည်မတ်ခနဲ။မျက်စံလေးများ ဘယ်ညာလှုပ်ခတ်သွားကာ သူဘာလုပ်ရမလဲ အေေပြးအလွှားစဉ်းစားမိသည်။သူမောင့်ကိုပဲမျှော်ခဲ့တာ မောင့်ကိုပဲလာစေချင်ခဲ့တာ။မောင့်ကိုပဲတွေ့ချင်နေခဲ့တာ။
တွေ့လာခဲ့ရင် ဘာပြောရမလဲ ဘယ်လိုပြုမူရမလဲဆိုတာ သူမတွေးမိခဲ့။"သဲငယ်"
ထပ်ကြားရသည့်ခေါ်သံကြောင့် သူခပ်ဖြည်းဖြည်းလှည့်ကြည့်မိသည်။openဟူသည့် စာတန်းလေးနောက်တွင် မျက်နှာငယ်လေးနှင့် မတ်တပ်ရပ်နေသည့်မောင်။မြင်သည်နှင့်ပြေးဖက်ကာ ငါမှားတာပါဆိုပြီး တောင်းပန်ချင်စရာကောင်းလောက်အောင် မောင့်ပုံစံသည် ထိုင်းမှိုင်းနေရှာသည်။အရောင်မှိုင်းမှိုင်းနှင့်မောင်သည် တောင်းပန်ပါတယ်ဆိုတဲ့ မျက်ဝန်းတွေနှင့်ကြည့်နေခဲ့၏။
ကော်ဖီခွက်အား စားပွဲပေါ်တွင်တင်ခဲ့ကာ
ဆိုင်တံခါးအား သွားဖွင့်လိုက်သည်နှင့် မောင်ဟာတုံ့ဆိုင်းမှုမရှိ ပွေ့ဖက်လာသည်။ထို့နောက်တအင့်အင့်ရှိုက်သံတိုးလွှလွှလေးကြားရသည်။ မောင်ငိုနေတာလား။"မောင်"
"အင့်"
ရှိုက်သံသည် ပိုကျယ်လာကာ မောင့်ပခုံးများလှုပ်ခတ်လာသည်။သူမှားတာပါ မှားတာမှ အထိန်းအကွပ်မရှိအောင်မှားခဲ့တာ။သူစိတ်မဆိုးခဲ့သင့်ဘူး ထွက်မပြေးခဲ့သင့်ဘူး။အခုတော့ မောင်မျက်ရည်ကျရပြီ။ရင်ခွင်ထဲသို့အတင်းတိုးဝင်ပြီး ရှိုက်ကာငင်ကာငိုနေသော မောင့်အား အတင်းဆွဲထုတ်ကာ မျက်နှာလေးကို ဆွဲမော့လိုက်သည်။
ဟင် ကိုယ်တွေ ကိုယ်တွေပူနေတာလား။
hoodie အင်္ကျီဝတ်ထားတာကြောင့် ဖက်လိုက်သည့်အချိန်တွင် အသားနှင့်မထိမိခဲ့၍ မောင်ကိုယ်ပူနေမှန်း ဂျီမင် မသိခဲ့။မျက်ရည်သုတ်ပေးရန် ဆွဲမော့လိုက်ကာမှ ပူကျစ်နေမှန်းသိရသည်။ဂျီမင် မျက်လုံးတွေပြာခနဲ။စိတ်ထဲမှ အထပ်ထပ်တောင်းပန်ကာ မောင့်အား ခုံတစ်ခုံပေါ်တွင် အရင်ထိုင်ခိုင်းလိုက်သည်။