အခန်း(၁)

1.1K 3 0
                                    

နွေလေရူးက ဟို...သည် တိုက်ခတ်နေသည်ထင်၏။
ညမွှေးပန်းရနံ ့က တစ်ချက်တစ်ချက် အခန်းထဲသို ့တိုင် ရောက်ရှိလာခဲ့သည်။
အိပ်မပျော်နိုင်လောက်အောင် အတွေးများနှင့် ယောက်ရက်ခတ်နေသော ဘုန်းသုတ တစ်ယောက်အတွက် မွှေးအီလှသောပန်းရနံ ့ကို ခံစားမနေဖြစ်ပေ။
သူ ့အတွက် ခံစားစရာ ခံစားချက်တစ်ခုက ရင်ဝယ်အသင့်ရှိနေပြီးသားဖြစ်နေသည်။
ပန်းရနံ ့လိုပင်ထုံအီမွှေးပျံ  ့ သော၊ပန်းဘုရင်မလေးအကြောင်းက သုတအတွေးများကို စိုးမိုးထားလျှက်ရှိနေသည်။
အချစ်သည် လူကိုသည် မျှထိအောင်ဖမ်းစားနိုင်သည်တဲ့လား။

                 မေကြည်နူး....

နာမည်လေးတစ်ကြောင်းဘဲရေးပြီး ဘာဆက်ရေးရမယ်မှန်းမသိဖြစ်နေပြန်သည်။
ခေတ်ဟောင်းအထာနှင့်စာပေး ရန်ကြိုးစားမှုကလဲ အထမြောက်လိမ့်မည်မထင်။
ဖွင့်ပြောရဲဖို ့သတ္တိကလဲ ကိုယ့်မှာကမရှိ။
ငယ်သူငယ်ချင်းလေးအ ပေါ် စိတ်ကစားမိခြင်းက ကိုယ့်လိပ်ပြာကိုယ်မလုံချင်စရာကောင်းပါသလား။
အချစ်ဆိုတာကို နဖူးတွေ ့ဒူးတွေ ့ ဆုံတွေ ့ရချိန်တွင် ဘာလုပ်လို ့ဘာကိုင်ရမှန်းမသိအောင်ဖြစ်နေမိသည်။
အိပ်မပျော်နိုင်သောညများကိုဖြတ်ကျော် ရင်း လူက ငေါင်စီစီဖြစ်နေ၏။
မနေ ့က ဖွင့်ပြောမယ်လို ့အားတင်းပြီး မေကြည်နူး တို ့အိမ်သို ့သွားဖြစ်သည်။
ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကိုပြောဖြစ်ဖို ့ဒီလောက်ခက်ခဲနေဖို ့မကောင်းဘူးလို ့ ကိုယ့်ဖာသာကိုအား ပေးရင်း သူငယ်ချင်းမလေးဆီကိုသွားဖြစ်ခဲ့ခြင်းဖြစ်၏။
                   မေကြည်နူးတို ့အိမ်ရှေ ့ရောက်ခါနီးမှ မနက်ခြောက်နာရီလောက်ပဲရှိသေးတယ်ဆိုတာကို သတိ ထားဖြစ်ခဲ့သည်။
ငယ်စဉ်ကထဲက ဝင်ထွက်နေကြအိမ်မို ့ပြဿနာတော့မရှိ။
ခြံရှေ  ့ရောက်တော့ နိုးနှင့်နေပြီဖြစ် သော သူငယ်ချင်းမလေးကို ခြံထဲမှာပင်အဆင်သင့်တွေ ့လိုက်ရ၏။
နယ်မြို ့လေးဆိုတော့ မနက်စောစာထ၍ ခြံထဲမှသစ်ရွက်ခြောက်များကို မီးရှို ့နေခြင်းဖြစ်သည်။
ဆောင့်ကြောင့်လေးထိုင်ရင်း မီးရှို ့နေဟန်ရှိသော သူမရှိရာ သို ့လှမ်းလျှောက်သွားလိုက်သည်။
မနက်စောစောစီးစီးရောက်လာသောကြောင့် အံ့ဩပုံမရ။သူကပင်ဝမ်းသာ သွားဟန် နှင့် လှမ်းခေါ်လိုက်သေး၏။

ပုံပြင်လေးကတော့...ဒါပါဘဲကွယ် Where stories live. Discover now