အခန်း(၅)

485 1 0
                                    

 သုတ ကျောင်းကိုရောက်တော့ မြတ်နိုး ကို လိုက်ရှာနေမိသည်။
အဆောင်မှာ နှစ်ရက်လောက် အောင်းနေလိုက်မိသောကြောင့် စာတွေလဲ နောက်ကျနေပြီဖြစ်သည်။
ကျောင်းမတက်ဖြစ်ဖဲ သူစဉ်းစားနေမိသည်
မှာ သူ ့လက်ထဲတွင်ရှိနေသော ကလစ်လေး၏ ပိုင်ရှင်ကိုပင်ဖြစ်သည်။
ဘာတွေဖြစ်ခဲ့သည်ဆိုတာကို သူ သေချာ မမှတ်မိသောကြောင့် သိချင်နေမိသည်။
သူဘယ်လိုဘဲစဉ်းစား စဉ်းစား မြတ်နိုးဇော်ကိုသာမြင်ယောင်နေမိသည်။
ရန်ကုန်လိုနေရာမျိုးတွင် သူ ့ကို ဂရုတစိုက်နှင့် ရှိမည့်မိန်းကလေးဆို၍ မြတ်နိုးဇော် တစ်ယောက်သာရှိနိုင်သည်။
မြတ်နိုးဇော်နှင့် တွေ ့လိုက်ရလျှင် ရှင်းသွားလိမ့်မည်ထင်သည်။

             တစ်ကျောင်းလုံး လှည့်ပတ်ရှာသော်လဲ မြတ်နိုးဇော်ကို မတွေ ့ရ။
စိတ်ညစ်ညစ်နှင့် အတန်းထဲဝင်လိုက် မိသည်။
ဆရာ ဘာတွေသင်နေသည်ဆိုတာကို သူ စိတ်မဝင်စားမိပေ။
စိတ်က ပျံလွင့်လျှက်ရှိနေသည်။
သူငယ် ချင်းတစ်ယောက်ဆီမှ စာအုပ်ငှားပြီး လွတ်သွားသောစာများကိုပြန်ကူးရသည်။
မေကြည်နူးအကြောင်းကို မစဉ်း စားမိစေရန် မနည်းကြိုးစားနေရသည်။
ကင်တင်းသို ့ တရုတ်လေးရောက်လာသောအခါတွင်မှ မြတ်နိုးဇော် နယ် သို ့ခေတ္တပြန်သွားကြောင်းကို သိလိုက်ရ၏။
ဘာအကြောင်းကြောင့်လဲဆိုတာကိုတော့ တရုတ်လေးလဲ မသိဟု ဆိုသည်။
မေကြည်နူးနဲ ့ပတ်သက်သည့်အကြောင်းအရာများကိုတော့ တရုတ်လေးထံမှ မကြားခဲ့ရ။
မြတ်နိုးဇော် ဘာကြောင့် နယ်ပြန်သွားသလဲဆိုတာကို သူ သိချင်နေသည်။
သူနဲ ့ပတ်သက်နေသည်လား။
မဟုတ်ပါစေနဲ ့လို ့ ဆုတောင်းမိသည်။
သူနှင့်ပတ်သက်ခဲ့သည်ဆိုပါက တာဝန်ယူရန်ဝန်မလေးလှသော်လဲ သူဘာကိုမှ မမှတ်မိတာ က ဆိုးသည်။
အိတ်ကပ်ထဲတွင် ထည့်လာမိသော ကလစ်လေးကို ယောင်ရမ်းပြီးစမ်းလိုက်မိသည်။
ကလစ်လေး ကတော့ သက်မဲ့ပစ္စည်းဖြစ်နေသောကြောင့် ဘာမှ မေးလို ့မရနိုင်။

                 ကျောင်းကနေထွက်လာလိုက်ပြီး ဟိုတယ်ရှိရာသို ့ သူ နောက်တစ်ခေါက်ရောက်ခဲ့ရသည်။
ဟို တယ်ဖိုး ရှင်းသွားသည်ဆိုသော မိန်းကလေး...ဘယ်အချိန်ပြန်သွားသည်ဆိုတာကို သိရမလားဟူသော မျှော် လင့်ချက်ကြောင့်ဖြစ်သည်။
အဲဒီ့နေ ့က သူ ထူပူနေသောကြောင့် သေချာ မမေးမြန်းမိခဲ့ချေ။
ဘာဘဲဖြစ်ဖြစ် သူ ့ စိတ်ထဲတွင် ဘဝင်မကျဖြစ်နေမိသည်ကို ရှင်းလင်းလိုသည်။
ဟိုတယ်ကိုရောက်တော့ ရီဆက်(ပ်)ရှင်မှာက ကောင်မ လေးများဖြစ်နေ၏။
သူဘယ်လိုဝင်မေးရမလဲမသိ ဖြစ်နေမိသည်။
ရှေ ့မျက်နှာနောက်ထားပြီး ဖြစ် ပျက်ခဲ့သမျှကို အတိုချုံးပြောပြပြီး စုံစမ်းမိသည်။
သူမတို ့လဲမသိဘူးလို ့ပြောသည်။
ညပိုင်းတာဝန်ကျသော ယောက်ကျားလေးများကိုမေးရင်တော့သိလိမ့်မည်ထင်သည် ဟုဆိုသည်။
ကျေးဇူးတင်ကြောင်းပြောပြီး သူ ပြန် ထွက်လာလိုက်သည်။
စိတ်ထဲမှာတော့ ညဘက် တစ်ခေါက်ထပ်လာရန် စဉ်းစားနေမိ၏။

ပုံပြင်လေးကတော့...ဒါပါဘဲကွယ် Where stories live. Discover now