အခန်း(၈)

1.1K 0 0
                                    

   "မောင်....မေကြည်နူးသတင်းကိုကြားပြီးပြီလား"

မြတ်နိုးက အဆက်အစပ်မဲ့စွာမေးလာသောကြောင့် ဘာကိုပြောမှန်းမသိ။

                   "ဘာကိုပြောတာလဲ ချစ်"

ခုနောက်ပိုင်း မေကြည်နူးသတင်းတွေကတစ်ခုမှကောင်းတာမရှိ။
မူးယစ်ဆေးစွဲနေသလိုလိုပြောသံကြား ရသည်။
တွဲလိုက်တဲ့ ရည်းစားပေါင်းကလဲ မှိုလိုပေါက်နေသည်။
ကကဆိုသည့် ကြိုက်ကုန်းဘွဲ ့ထူးကို တောင်ရရှိ နေသည်ဆို၏။
မေကြည်နူး ဘယ်လိုဖြစ်သွားလဲဆိုတာကို သူနားမလည်နိုင်အောင်ဖြစ်နေမိသည်။

        မေ့မေ့ပျောက်ပျောက်ဖြစ်နေသည်ဆိုသော်လဲ အချစ်ဦးမို ့သိချင်ကြားချင်စိတ်လေးတော့ရှိပါသည်။
မြတ်နိုး က နားလည်မှုရှိလို ့တော်သေးသည်။
သူ...မေကြည်နူးအပေါ်တွင် ဘယ်လိုသဘောထားခံစားခဲ့ဖူးသည်ဆိုတာ ကို မြတ်နိုးသိထားသောကြောင့် မေကြည်နူးနှင့် ပတ်သက်၍ သတင်းများကြားရတိုင်း မြတ်နိုးက သူ ့ကိုပြန်ပြော ပြနေကြဖြစ်၏။
မြတ်နိုးက မိန်းကလေးဆိုတော့ မိန်းကလေးတို ့ထုံးစံအတိုင်း သတင်းစုံသည်။

               "မေကြည်နူး...ဆုံးပြီတဲ့"

               "ဘာ....ဘာဖြစ်တယ်...မေကြည်နူးဆုံးပြီ..ဟုတ်လား"

သူ ့နားကိုတောင် သူမယုံချင်ဖြစ်သွားသည်။
သူ ့အသံတွေ တုန်ယင်နေကြ၏။
ဘေးမှာရှိနေသော ချစ်သူကို အား နာလှသော်လဲ သူ ့ကိုယ်သူ ဘယ်လိုမှမထိန်းနိုင်အောင်ဖြစ်သွားမိသည်။
မေကြည်နူးနှင့် သူမတွေ ့တာတော် တော်တောင်ကြာနေပြီဖြစ်သည်။
နောက်ဆုံးတစ်ခါတွေ ့တော့ သူမ၏ပုံစံက မမှတ်မိလောက်အောင်ပြောင်းလဲ နေကြောင်း တွေ ့မြင်ခဲ့ရသည်။
ခေတ်ရှေ ့ပြေးလွန်းနေသောဝတ်စားဆင်ယင်မှုနှင့် ပုံစံက ပေါ့ပျက်ပျက်နိုင်လွန်း သည်လို ့သူ...ထင်ခဲ့မိသည်။
သူမြတ်နိုးတွယ်တာခဲ့ရသောမေကြည်နူးမဟုတ်ဖဲ အခြားသောမေကြည်နူးတစ် ယောက်ကို တွေ ့မြင်နေရသလို ခံစားခဲ့ရ၏။
အခုတော့ မေကြည်နူးက လောကကြီးကိုစွန် ့ခွာသွားပြီတဲ့။

              "မောင်တို ့သူ ့အဆောင်ကိုလိုက်သွားကြမလား ချစ်"

              "သွားမယ်လေ.....တရုတ်လေးလဲလိုက်လိမ့်မယ်။အခုလောလောဆယ်တော့ သူ..နယ်ကို ဖုန်းဆက် ဖို ့လုပ်နေတယ်ထင်တယ်...မေကြည်နူးမိဘတွေကို အကြောင်းကြားရမယ်လေ"

ပုံပြင်လေးကတော့...ဒါပါဘဲကွယ် Where stories live. Discover now