အခန်း(၃)

561 1 0
                                    

ခုတလောချစ်မြတ်နိုးဇော်တစ်ယောက်ဘုန်းသုတကို သိပ်မကပ်တော့ပြန်။
အရင်က ဝေးလေကောင်းလေ ဟုသဘောထားခဲ့မိသော်လဲ အခုတော့ ဘုန်းသုတကိုယ်တိုင် မြတ်နိုးဇော်ကိုလိုက်ရှာနေရသည်။
အတန်းထဲတွင် တွေးနေ၊ငေးနေ မိသောကြောင့် စာမလိုက်နိုင်ပေ။
အထက်တန်းကျောင်းသားဘဝတုန်းက စာတော်ခဲ့သော သုတ တစ်ယောက် သူ ့လောက်မတော်သောမြတ်နိုးဇော်ထံတွင် ပြန်သင်နေရသည်။
မေကြည်နူးဆီကိုလဲ ပုံမှန် မရောက်ဖြစ်တော့။
အချိန်ရရင်ရသလိုတော့သွားဖြစ်နေသည်။
မြတ်နိုးဇော်နှင့်တော့ အရင်ကထက်ပိုပြီး ရင်းနှီး လာခဲ့သည်။
မြတ်နိုးဇော်နှင့်ပတ်သက်မိလိမ့်မယ်လို ့ ဘုန်းသုတ ထင်မှတ်မထားခဲ့။
တကယ်တော့ ကံကြမ္မာက သူ ့အတွက် အားလုံးစီစဉ်ပြီးသားရှိထား ဟန်တူပါသည်။
မေကြည်နူးနှင့်ပတ်သက်၍ အသည်းကွဲရလိမ့်မယ်လို ့ဘယ်တုန်းကမှ စိတ်မကူးမိခဲ့သော သုတ အတွက် ကြမ္မာဆိုးက ဝင်ရောက်လာခဲ့သည်။

            "ဟဲ့...သုတ၊နင့်ရဲ ့မေကြည်နူးကို ဘဲတစ်ပွေနဲ ့တွေ ့လိုက်တယ်"

ပြောလာသူက ချစ်မြတ်နိုးဇော်ဖြစ်နေခြင်းကြောင့်သူ မယုံခဲ့။
မြတ်နိုးဇော်မှမဟုတ်၊တခြားသူတစ်ယောက်ယောက် ဖြစ်နေခဲ့လျှင်လဲ သူ..ယုံကြည်ဖြစ်လိမ့်မည်မထင်ပါ။

           "သူငယ်ချင်းဖြစ်မှာပါ"

ခပ်လွယ်လွယ်ပြောလိုက်တဲ့ သူ ့စကားကို မြတ်နိုးဇော်က သိပ်ကျေနပ်ပုံမရ။

           "ဘဲကြီးက သူ ့ထက်အသက်ကြီးမယ့်ပုံဟ"

ထပ်ပြောလာသော မြတ်နိုးဇော်ကို သူ ဘာမှတုန် ့ပြန်ပြောဆိုမနေတော့ဘဲ စာကိုသာကုန်းကျက်နေလိုက်သည်။
သူ ့ဘက်ကတုန် ့ပြန်မှုမရှိသောကြောင့်မြတ်နိုးဇော်လဲ စာဘဲလုပ်နေလိုက်ရသည်။
ဒါတောင်တစ်ခွန်းတော့ မကြားတကြားပြောလိုက်သေးသည်။

             "ငါက..စေတနာနဲ ့လဲပြောရသေးတယ်"

ချစ်မြတ်နိုးဇော်အနေနှင့် အမှန်တကယ် စေတနာနှင့်လာပြောတာဖြစ်နိုင်ပါသည်။
သို ့သော်လဲ မေကြည်နူးကိုယုံ ကြည်မိသောကြောင့် သူမစကားကို မဖြစ်နိုင်ဘူးလို ့တထစ်ချယူဆလိုက်မိတာဖြစ်သည်။

ပုံပြင်လေးကတော့...ဒါပါဘဲကွယ် Where stories live. Discover now