အခန်း(၂)

653 2 0
                                    

မြို ့လေး၏ တစ်ခုထဲသောဆွတ်ပျံလွမ်းမောဖွယ်ဖြစ်သည့် လွမ်းစေတီတောင်ကုန်းပေါ်တွင် လေတဖြူး ဖြူး တိုက်ခတ်လျှက်ရှိနေသည်။
ကိုးတောင်ပြည့်စေတီတော်လေးဆီမှ ပေါ်ထွက်လျှက်ရှိသော ဆည်းလည်းသံ လေးများကလဲ တချွင်ချွင်နှင့် လေတိုက်တိုင်းမြည်ဟည်းနေလေ၏။
စေတီတော်ရင်ပြင်ရှိ တစ်ခုသောခုံတန်းလျား လေးတွင် ကောင်မလေးတစ်ယောက်ထိုင်ရက်ရှိနေပြီး သူမ၏ နဘေးတွင်တော့ ကောင်လေးတစ်ယောက် ရပ်လျှက်ရှိနေလေသည်။
ဘုန်းသုတနှင့် မေကြည်နူးတို ့နှစ်ယောက်ပင်ဖြစ်၏။
             လွမ်းစေတီဘုရားကုန်းတော်ပေါ်သို ့လာခဲ့ရန် မေကြည်နူးကချိန်းဆိုကထဲက သုတ ရင်တွေအရမ်းခုန် နေသည်။
မည်သို ့သောစကားမျိုးကြားရမည်နည်းဟူ၍ သိလိုစိတ်တို ့ကလဲ ရင်ထဲတွင်ကလိကလိဖြစ်နေကြ၏။
အခုအချိန်အထိ မေကြည်နူး ကို ချစ်ပါသည်ဟု ဖွင့်မပြောရသေးသောကြောင့် အဖြေပေးရန်ချိန်းဆိုခြင်းမျိုးမ ဟုတ်တာကို သူသိပါသည်။
အမြဲတမ်းတွေ ့ဆုံနေရသူခြင်း တကူးတကချိန်းပြီးပြောသည်ဆိုကထဲက အလေး အနက်ဖြစ်စေလိုခြင်းဟု သူနားလည်ထားသည်။
သူနားလည်ထားသည်။ဘုရား...ဘုရား...မေကြည်နူးတစ်ယောက် ချစ်သူတွေ ဘာတွေ ရသွားတာများလား။
ဖွဟဲ့....လွဲပါစေ...ဖယ်ပါစေ...။
ကိုယ့် အတွေးနဲ ့ကိုယ် တိုင်ပတ်နေပြန်သည်။
တကယ်တမ်း  ဖြစ်လာခဲ့မည်ဆိုရင်ရော...။
စိတ်ကူးကြည့်ရုံနဲ ့တောင် သူ..အခါခါသေဆုံးနေမိသည်။
ဲဖြစ်တော့လဲမဖြစ်နိုင် ဟု ဖြေတွေး တွေးလိုက်မိပြန်သည်။
ဒီမြို ့သေးသေးလေးမှာ သူ မသိဘဲ မေကြည်နူး ရည်းစာရသွားဖို ့ဆိုတာ တကယ်တမ်းမှာလဲ မဖြစ်နိုင်ပေ။
စိတ်ကိုက တွေးပူနေမိခြင်းဖြစ်၏။

               "သုတ...."

မေကြည်နူး တစ်ခုခုကိုပြောဖို ့အားယူနေပုံရသည်။
သူ ့နာမည်ကိုခေါ်ပြီး ဟိုးအဝေးသို ့ငေးကြည့်နေပြန်သည်။

                "နူနူး...နင်ဘာပြောချင်လို ့လဲ...နင့်မှာဘာပြဿနာရှိနေလို ့လဲဟင်၊ငါ..ဘာကူညီပေးရမလဲ"

ချစ်ရသူလေးကို ကြင်နာနူးညံ့စွာမေးခွန်းထုတ်လိုက်မိသည်။
ပုံမှန်အားဖြင့်ဆိုလျှင်တော့ သုတ အနေနှင့် သူမကို နင်တလုံးငါတစ်လုံးသာပြောဆိုတတ်သော်လဲ တစ်ခါတစ်လေတော့ နူနူးဟု ချစ်စနိုးခေါ်ဆိုတတ်သည်။
သူမ၏ နာမည်ဖြစ်သော မေကြည်နူးကို နူးနူးဟု ခေါ်ရာမှ နူနူးဖြစ်သွားခြင်းပင်ဖြစ်၏။
ဒီကောင်မလေးကို နူနူးဟုခေါ် တတ်သူဆိုလို ့ သူနှင့်အန်တီမေနှစ်ယောက်သာရှိသည်။

ပုံပြင်လေးကတော့...ဒါပါဘဲကွယ် Where stories live. Discover now