သူမအတွက်ဒီအဖြစ်အပျက်ကြီးတစ်ခုလုံးကို အစကနေပြန်စလိုက်ချင်သည်။
ဒီလိုအခြေအနေမျိုး ဖြစ်လာမယ်ဆိုတာကိုကြိုသိခဲ့ပါလျှင် ဘုန်းသုတဆိုသည့်ကောင်ကို ဖြစ်ချင်ရာဖြစ်ပြစ်ထားလိုက်မိလိမ့်မည်။
ခက် တာက သူမ ကိုယ်တိုင်က ပြတ်သားမှုမရှိစွာ တွေဝေခဲ့မိခြင်းပင်။
တွေဝေနေခဲ့မိခြင်းရဲ ့ရလာဒ်က သူမ၏အပျိုစင်ဘဝလေးဖြစ်ခဲ့ရသည်။
အရာရာသည် စနစ်တကျဖြစ်ပျက်ရန်အတွက် ကြမ္မာဇာတ်ဆရာက ကြိုတင်ဖန်တည်းခဲ့ လေသည်လား။
အမှောင်မိုက်ဆုံးသောပေးဆပ်လိုက်ရခြင်းအတွက် တိတ်ဆိတ်နှုတ်ပိတ်နေလိုက်ရန် သူမ... ဘာကြောင့်ကြိုးစားမိခဲ့ပါသနည်း။
အဖြေကအဆင်သင့်ရှိနေခဲ့ပြီးသားဖြစ်သော်လည်း ကိုယ့်ကိုကိုယ် သေချာ အောင်မသိချေ။
အဲဒီ့နေ ့ညနေက...အဲဒီ့နေ ့ညနေက သူမ စိတ်တွေကို ဘယ်လိုနတ်ဆိုးက ပိုင်ဆိုင်ထိန်းကျောင်းခဲ့တာလဲကွယ်။
အခုတော့ သူမကိုယ်တိုင်က အလိုတူအလိုပါလိုဖြစ်ခဲ့ရပြီပေါ့။ငိုနေလို ့လဲ ဘာမှထူးမလာနိုင်ပြီဘဲနော်.....။ပြန်စဉ်းစားရင် ရင်ဖိုသလိုလို၊ ဒေါသထွက်သလိုလို ဘယ်လိုခံစားချက်ကြီးမှန်းကိုမသိတော့။
အဲဒီ့ဟော်တယ်ကိုခေါ်သွားခဲ့မိတာကလဲ သူမ ကိုယ်တိုင်ဘဲဖြစ်နေခဲ့သည်လေ။
ဘုန်းသုတ တစ်ယောက် ဒီလို ဖြစ်နေတယ်ဆိုတာကိုသိလိုက်ရတော့ သူမ မနေနိုင်ခဲ့။
နောက်ကနေ ခပ်လှမ်းလှမ်းက ခွာပြီးလိုက်ကြည့်မိသည်။
မသောက်စဖူး ဘယ်လောက်တောင်သောက်လိုက်သည်မသိ လူက ယိုင်ထိုးနေသည်။
လမ်းတစ်လျှောက် တွေ ့ ရာလူကို ဝင်တိုက်မိသောကြောင့် ပြဿနာတက်တော့မလိုဖြစ်ရတာလဲအကြိမ်ကြိမ်။
စမ်းချောင်းလမ်းပေါ်ကနေ ပြည်လမ်းမကြီးပေါ်ရောက်တော့ လက်ဖက်ရည်ဆိုင်တစ်ခုရှေ ့တွင် သုတ လဲကျသွားတာကိုတွေ ့လိုက်ရသည်။
စူးစမ်းသလို ဝိုင်းကြည့်နေသောမျက်ဝန်းများအောက်တွင် သူမ ဘယ်လိုကဘယ်လို သုတရှိရာကိုရောက်သွားခဲ့ မိသည်မသိ။
မွန်ရည်သားနားသော ကောင်လေးတစ်ယောက်က ဖြစ်ချင်တိုင်းဖြစ်ကာ မူးရူးနေသည်ကို ကောင်မ လေးတစ်ယောက်က လာပြီးတွဲခေါ်သွားသည်ပေါ့။
ပတ်ဝန်းကျင်ကတော့ ဒီလိုဘဲမြင်လိမ့်မည်ထင်၏။
သူမအနေ နှင့် မူးရူးနေသောလူတစ်ယောက်ကိုတွဲခေါ်ပြီး ဘာဆက်လုပ်ရမည်မသိဖြစ်နေသည်။
အနီးနားတွင်တွေ ့ရသော တက္ကစီတစ်စီးကိုဖမ်းတားလိုက်ပြီး သုတကိုတွဲတင်လိုက်ရသည်။
YOU ARE READING
ပုံပြင်လေးကတော့...ဒါပါဘဲကွယ်
Short Storyအဲဒီ့နေ ့က လှည်းကူးခြံထဲတွင် သူမကို ဖာသည်မတစ်ယောက်လောက်တောင် တန်ဖိုးမထားစွာ ဆက်ဆံပြုကျင့်ခြင်းကို ခံခဲ့ရလေသည်။ တော်ရုံ ဖာသည်မဆိုရင်တောင် အခုလို နှစ်ယောက်ပူးကြီးဆက်ဆံဖို ့အတော်စည်းရုံးယူရမည်ဖြစ်သည်။ သူမကတော့ မူးယစ်ဆေး အလွန်အကျွံပေးပြီး အသိစိတ်လွတ်နေခ...