ပုံပြင်လေးတစ်ပုဒ်ရှိခဲ့ဖူးလေသည်။
ဟိုးရှေးရှးတုန်းက တောရွာလေးတစ်ခုတွင် ရွာလူကြီးတစ် ယောက်ရှိ၏။
ထိုရွာလူကြီးထံတွင် မွေးမြူထားသော နွားတစ်ကောင်နှင့်ဆိတ်တစ်ကောင်ရှိသည်။
တနေ ့တော့ နွားကြီးမှာ နေမကောင်းဖြစ်ကာ နွားတင်းကုပ်ထဲတွင် မှိုင်တွေလှဲလျောင်းလျှက်ရှိနေလေ၏။
ရသတ္တပတ်လောက် ကြာသည်အထိ နွားကြီးမှာနေမကောင်းလျှက်ပင်ရှိနေသေးသောကြောင့် ရွာလူကြီးလဲ သူ၏ နွားကြီး နေမကောင်းဖြစ်နေသည်ကို သိရှိကာ တရိစာ္ဆန်ဆေးကု ဆရာဝန်တစ်ယောက်ကို ပင့်ဆောင်ကုသစေ ပါသည်။ဆရာဝန်ကုသပြီးသည့်နောက် ဆရာဝန်ကိုပြန်လိုက်ပို ့ရင်း အိမ်ခြံဝအရောက်တွင် ရွာလူကြီးက သူ၏
နွားကြီး အခြေအနေ မည်သို ့ရှိသည်ဆိုသည်ကိုဆရာဝန်အားမေးမြန်းလေသည်။
ဆရာဝန်က အခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း။
နောက်သုံးရက်နေလို ့မှ နွားကြီး ထမရပ်နိုင်ဘူးဆိုလျှင် သားသတ်ရုံသို ့ပို ့ သည်က ကောင်းလိမ့်မည်ဖြစ်ကြောင်း ပြောဆိုလေသည်။
ထိုကဲ့သို ့ပြောဆိုနေကြသည်ကို ခြံစည်းရိုးခြုံစပ်တွင် သစ်ရွက်နုလေးများကို ဆွတ်ချူစားသုံးနေသော ဆိတ်ကြီးက ကြားလိုက်ရလေ၏။
ကြားရသော စကားသံများ ကြောင့် သူ ့သူငယ်ချင်း နွားကြီး အတွက် စိတ်ပူသွားမိသည်။
နောက်တနေ ့မနက် မိုးလင်းသောအခါတွင် သူငယ်ချင်းလှဲလျောင်းနေသည့် နွားတင်းကုတ်ထဲသို ့သွားကာ နွားကြီးကို အားပေးစကားဆိုလေသည်။"သူငယ်ချင်း...ကြိုးစားပြီးထရပ်ကြည့်စမ်းပါကွာ....မင်းရပ်နိုင်ပါလိမ့်မယ်"
နွားကြီးမှာ နေမကောင်းရသည့်အထဲ ဆိတ်ကြီးက နားပူနားဆာလာလုပ်နေသောကြောင့် စိတ်ညစ်နေသည်။
ဆိတ်ကို စကားပြန်ပြောဖို ့တောင်အားမရှိသောကြောင့် ဘာမှပြန်ပြောမနေတော့ဘဲ သူ ့နေရာတွင်သာ ခွေအိပ် နေလိုက်သည်။
ဆိတ်က တစ်နေ ့လုံး အားတိုင်းယားတိုင်း သူ ့ကို ထဖို ့လာလာပြောနေသည်။
ညနေကျတော့ ထုံးစံအတိုင်း ဆရာဝန်ရောက်လာပြီး ကုစရာရှိတာကုပြီး ပြန်သွားသည်။
ခြံပေါက်ဝသို ့ရောက်သောအခါ ရွာလူကြီးအား တစ် ရက်တော့ ကုန်သွားပြီ ဟုပြောဆိုသွားသည်။
ဆိတ်က မယောင်မလည်လုပ်ကာ နားစွင့်နေသောကြောင့် သူတို ့ ပြောတာကို ကြားလိုက်ရပြန်သည်။
YOU ARE READING
ပုံပြင်လေးကတော့...ဒါပါဘဲကွယ်
Short Storyအဲဒီ့နေ ့က လှည်းကူးခြံထဲတွင် သူမကို ဖာသည်မတစ်ယောက်လောက်တောင် တန်ဖိုးမထားစွာ ဆက်ဆံပြုကျင့်ခြင်းကို ခံခဲ့ရလေသည်။ တော်ရုံ ဖာသည်မဆိုရင်တောင် အခုလို နှစ်ယောက်ပူးကြီးဆက်ဆံဖို ့အတော်စည်းရုံးယူရမည်ဖြစ်သည်။ သူမကတော့ မူးယစ်ဆေး အလွန်အကျွံပေးပြီး အသိစိတ်လွတ်နေခ...