ဆူညံသံတွေပြည့်နေတဲ့ clubထဲမှာ Alphaတွေ Omegaတွေ Betaတွေရော ရှုပ်ထွေးနေတယ် သူတို့က ပိတ်ရက်တွေကို ဒီမှာပဲကုန်ဆုံးတော့မလိုကို အသေကဲနေတာWinny, Joongနဲ့ Geminiတို့လည်း ဘာထူးသေးလဲ နောက်ရက်မှာ အတန်းမတက်ရတော့မယ့်အတိုင်း တရစပ်ကိုသောက်နေတော့တာပဲ
"ဟျောင့်တွေ နည်းနည်းပျင်းစရာကောင်းတယ်မထင်ဘူးလား" Geminiက စကားစလိုက်တယ်
"ဒီနားမှာပျင်းတယ်ဆိုလည်း ဟိုဘက်ကိုသွားပြီး ပျော်စရာလေးရှာလိုက်လေ" Joongက သူ့Omegaလေး Dunkကိုစာပို့နေရင်း Geminiကိုတစ်ချက်မှလှည့်မကြည့်ဘဲ ပြန်ဖြေတယ်"မင်းတစ်ယောက်တည်းOmegaရှိတယ်လို့ထင်နေတာလား ငါ့မှာလည်းရှိပါတယ် ဒါပေမယ့်..." အက်ကွဲနေတဲ့အသံနဲ့ ပြောနေတာကို Geminiကရပ်လိုက်တယ် သူမနေ့ညက သူomegaလေး Fourthနဲ့ရန်ဖြစ်ခဲ့တာကို သတိပြန်ရသွားလို့
"ပါးစပ်ပိတ်လိုက်တော့ အဲ့တာမင်းအမှားပဲလေ မင်းသူ့မွေးနေ့ကို ကိတ်ယူသွားဖို့မေ့တာကတော့ မင်းကမဟုတ်သေးဘူး မခက်ပါဘူးကွာ ပြန်တောင်းပန်လိုက်" Winnyက ပြောရင်း clubတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်တယ် သူ့ရဲ့ပျော်စရာလေးတစ်ခုကိုရှာဖို့
"ဒါပေမယ့် အနည်းဆုံးတော့ ငါ့မှာငါ့အပိုင်omegaရှိသေးတယ် ခွေးကောင်ရ မင်းလိုတစ်ကိုယ်တည်းမဟုတ်ဘူး" Geminiက ပက်ခနဲပြန်ပြောလိုက်လို့ Winnyသူ့ကို မျက်လုံးနဲ့ စိုက်ကြည့်ပေးလိုက်တယ်
"အိုခေ တော်တော့ ငါတို့ အလောင်းအစားတစ်ခုဆော့ကြမလား" Joongရဲ့ အသံကြောင့် Winnyရော Geminiရောက စိတ်ဝင်စားသလိုမော့ကြည့်လာတယ်
Joongက စဉ်းစားနေတဲ့ဟန်နဲ့ clubအဝင်ဝကနေ ဝင်လာတဲ့ Omegaတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်ပြီး "Winny မင်းကိုငါစိန်ခေါ်တယ် အဲ့omegaလေး မင်းအပေါ်ကိုချစ်မိလာအောင် တစ်လအတွင်းလုပ်ရမယ်"
Winnyမျက်ခုံးပင့်ပြလိုက်ပြီး "ဆိုတော့ ငါကဘာပြန်ရမှာလဲ?"
Joong- "ငါမင်းဝယ်မလို့လုပ်နေတဲ့ကားကို ငါရှင်းပေးမယ်"
Winny - " ဘာ အခု အနက်ရောင်Teslaလား အိုခေ မင်းကတိတည်ပါစေနော်"ယုံကြည်မှုအပြည့်နဲ့ လက်ထဲကခွက်ကို တစ်ကျိုက်တည်းမော့ချပြီးတဲ့နောက်မှာတော့ Winnyက သူ့omegaလေးSatangဆီကို ချက်ချင်းပဲထသွားတော့တယ်