02

109 14 6
                                    



"Fourth ငါtoilet ခဏသွားလိုက်ဦးမယ် ။မင်းအရင် canteenကိုသွားနှင့်လိုက်" Satangက အမြန်ပြောပြီး အမြန်ပဲပြေးတော့တယ်
Fourthပြန်ဖြေတာကိုတောင်မစောင့်သွားဘူး

Winnyရဲ့ မျက်လုံးတွေကလည်း ပြေးထွက်သွားတဲ့Satangဆီမှာ ကပ်ပါသွားတယ် သူတကယ်အကြည့်ကိုမလွှဲနိုင်တာ

(ဒါငါမနေ့က လိုက်မယ်ဆိုတဲ့ omegaလေးပဲ)

အဲ့ဒီအချိန်မှာပဲ Joongက စာသင်ခန်းဝမှာ ပေါ်လာပြီး " Win, လာ ကန်တင်းသွားစို့လေ"

"Okay ," Winnyခေါင်းညိမ့်လိုက်ပြီး ထလိုက်သွားတယ်

————————-

ကန်တင်းမှာ -

Fourthနဲ့ Geminiက ထိုင်ခုံနေရာ ဦးပြီးသွားပြီ သူတို့ထိုင်တဲ့နေရာမှာပဲ Joong နဲ့ Winny ဝင်ထိုင်လိုက်တယ်

"Baby , ဒါကိုယ့်သူငယ်ချင်းလေ Winnyတဲ့၊ သူဒီနေ့ပဲကျောင်းပြောင်းလာတာ babyတို့အခန်းထဲကပဲထင်တယ်" Gemက Winnyနဲ့ Fourthကို မိတ်ဆက်ပေးတယ်

"Hi Winny" Fourthက ပြုံးပြီးရင်းရင်းနှီးနှီးနဲ့ပဲ နှုတ်ဆက်လာတယ်

"Hey" Winnyပုံမှန်သံနဲ့ပဲပြန်နှုတ်ဆက်လိုက်တယ် ဘာလို့လဲဆိုတော့ သူ့စိတ်က တခြားနေရာမှာရောက်နေတာလေ

"ဒါနဲ့ နေပါဦး Satangရော ဘယ်မှာလဲ" Joongက ပတ်ပတ်လည်ကို ဝေ့ကြည့်ရင်း မေးတယ်
" Satangကဘယ်သူလဲ" Winnyကလည်း မြန်မြန်ပဲပြန်မေးလာတယ် သူအရမ်းသိချင်နေပြီ

Joongက ရှေ့ကိုတိုးလာပြီး တိုးတိုးလေးနဲ့ "အရင်ညတုန်းက မင်းနဲ့လောင်းခဲ့တဲ့ omegaလေးလေ"

Winnyတကယ်ကို မျက်လုံးပြူးမျက်ဆံပြူးနဲ့ကိုအံ့ဩသွားတာ " ဟျောင့် မင်းအဲ့ဒီညတုန်းက ဒီတိုင်းတွေ့တဲ့တစ်ယောက်ကို ရွေးခဲ့တာမဟုတ်ဘူးလား"

Gemက Winnyဖြစ်နေတဲ့ရုပ်ကိုမြင်ပြီး " မဟုတ်ဘူးလေ တွေ့ကရာလူဆို ဘယ်လိုလုပ်ပျော်ဖို့ကောင်းမှာလဲ Joongက မင်းလိုက်ပိုးပန်းဖို့ မဖြစ်နိုင်တဲ့ သူကိုတမင်ရွေးခဲ့တာ"

Joongက ကျေနပ်အားရတဲ့အသံနဲ့ "ဒါပေါ့ မင်းကိုစိန်ခေါ်ပါတယ်ဆိုမှ တွေ့ကရာလူဆို ဘယ်လိုလုပ်ပျော်ဖို့ကောင်းမှာလဲ ပြော"

Just A Dare Where stories live. Discover now