06

107 12 3
                                    



နောက်တစ်နေ့

"ဟျောင့် မင်းအရင်သွားနှင့်လိုက်တော့" သူတို့canteen သွားနေတဲ့ လမ်းပေါ်မှာပဲ Winnyက Joongကို လှမ်းပြောလိုက်တယ်

Joong- "မင်းကဘယ်သွားမလို့လဲ"

Winny - "စာကြည့်တိုက်သွားမလို့"

Joongက Winnyနဖူးကိုစမ်းလာပြီး "မင်းနေမကောင်းဘူးလား ဘာလို့ရုတ်တရက်ကြီး စာကြည့်တိုက်လဲ"

"ပါးစပ်ပိတ်ပြီးသွားလိုက်တော့ ငါလုပ်စရာရှိလို့"Winnyက Joongပုခုံးကိုတွန်းလိုက်ပြီး စာကြည့်တိုက်ကိုပဲ ထွက်လာခဲ့လိုက်တယ်

သူLibrary ကိုသွားရတဲ့အကြောင်းကတော့ သူ့ငယ်သူငယ်ချင်းလေး Milkကိုတွေ့ဖို့ပါ

————-
စာကြည့်တိုက်ထဲတွင်

စာကြည့်တိုက်က စာအုပ်စင်တွေကြားထဲမှာ စာအုပ်ရှာနေတဲ့ ကောင်မလေးတစ်ယောက်
Winny က ထိုကောင်မလေးဆီကိုပဲတန်းတန်းမတ်မတ်သွားလိုက်တယ်
"ဘာတွေရှာနေတာလဲ" Winnyက နောက်ကနေ ရုတ်တရက်မေးလာတာမို့ Milkက လန့်သွားပြီး တစ်ချက်ခုန်လိုက်မိတယ်

သူမက Winnyရဲ့ ရင်ဘတ်ကို တစ်ချက်ရိုက်လိုက်ပြီး
"အာ လန့်သွားတာပဲ ဘာလာလုပ်တာလဲ"
"ငါ့ကို လှန့်မလို့လား ဒါနဲ့ ငါပြောထားတဲ့ဟာရော ဘယ်မှာလဲ"

Winny- "ဒီမှာရော့ ဘာလို့ ငါ့လာပြီး ဝယ်ခိုင်းတာလဲ နင့်ဟာနင်မဝယ်နိုင်ဘူးလား"

Milk- "ဒါပေါ့ ဒီစာအုပ်က limited edition လေ စျေးကလည်းကြီးသေး"

Winny- "အဲ့တာနဲ့ မဝယ်ဘူးပေါ့"

Milk- "ငါကပိုက်ဆံမရှိဘူးလေ နင်ကရှိတယ်လေ နောက်မှပြန်ပေးမယ် အိုခေလား byebyeသွားပြီ" Milkကပြောရင်းပဲ ထွက်သွားပြီ

တခြားဘက်မှာတော့ သူတို့နှစ်ယောက်ကို တစ်ချိန်လုံးကြည့်နေခဲ့တဲ့ လူတစ်ယောက်လည်းရှိနေပါသေးတယ်

Satangက Winnyစာကြည့်တိုက်ထဲစဝင်လာကတည်းက မြင်တာ ဒါပေမယ့် သူက ကောင်မလေးတစ်ယောက်စီတန်းသွားတော့ ပိုပြီးစပ်စုချင်လာတာပဲ

Satangက သူ့ရှေ့မှာထိုင်နေတဲ့ Fourthကို လှမ်းခေါ်လိုက်တယ်
"Fourth"
"ဟိုကောင်မလေးကဘယ်သူလဲ"Satang က Winnyနဲ့ Milkကိုစိုက်ကြည့်နေရင်းမေးလိုက်တယ်

Just A Dare Where stories live. Discover now