04

102 14 3
                                    



Club ထဲတွင် -

သီချင်းသုံးပုဒ်လောက်ဆိုပြီးတဲ့အခါမှာတော့
Winnyက အခန်းထဲကို မျက်လုံးဝေ့ကြည့်လိုက်တယ်
သူ့သူငယ်ချင်းတွေက Satangကို စားပွဲမှာတစ်ယောက်တည်းထားခဲ့ပြီး ပြန်သွားကြတဲ့ပုံပဲ

ပါးရဲရဲလေးတွေနဲ့ ပါးချိုင့်လေးတွေ ခွက်နေအောင်ထိပြုံးနေပြီး နောက်ရက်ဆိုတာမရှိတော့သလိုသောက်နေတဲ့ အမူးသမားလေး Satangကို ကြည့်ပြီး သူတွေးမိလိုက်တယ်
(ဟိုကောင်တွေက တကယ်ကြီး သူ့ကို ဒီလိုပုံစံနဲ့ တစ်ယောက်တည်းထားခဲ့ကြတာပေါ့လေ)

"ဘာပဲဖြစ်ဖြစ်ပါ" Winny သူ့ဟာသူပဲရေရွတ်လိုက်ပြီး သူနဲ့အတူအိမ်ကိုလိုက်မယ့် တစ်ယောက်ယောက်ကိုရှာဖို့ပဲ ဆုံးဖြတ်လိုက်တယ်
ဒါပေမယ့် Winny ထသွားတော့မယ့် အချိန်မှာပဲ လူနှစ်ယောက်က Satangအနားကို ကပ်လာကြတယ်

"Hi အလှလေး မင်းက omega လေးမလား မင်းအနံ့လေးက ချိုနေတာပဲကွာ" ခုနက နှစ်ယောက်ထဲက တစ်ယောက်က ပြောရင်းပဲ Satangအနားထိ ယိမ်းလာတယ်

"ငါတစ်ယောက်တည်းနေပါရစေ ummm" Satangက အာလေးလျှာလေးအသံနဲ့ပဲ ပြန်ဖြေမိတယ်
တကယ်ကို မူးနေပြီ

တခြားကောင်တစ်ယောက်က Satangရဲ့ လည်ပင်းအနားကို အနံ့ရှူဖို့ ကပ်လာတော့ Satangက မသက်မသာဖြစ်နေတဲ့ပုံနဲ့ မျက်မှောင်ကြုတ်လိုက်တယ်

"သူက ငါ့အပိုင် ။ မင်းတို့ ဘာစောက်ဇယားတွေလာရှုပ်နေတာလဲ" Winnyက ထအော်လိုက်ပြီး ခုနကလူနှစ်ယောက်ကို တွန်းထုတ်လိုက်တယ်
Satangလက်ကိုတော့ ညင်ညင်သာသာပဲ ဖမ်းဆုပ်လိုက်ပြီး သူ့အနောက်ကို ပို့လိုက်တယ်

"စိတ်လျှော့ bro ,ငါတို့က သူ့မှာ Alphaမရှိဘူးထင်လို့ပါကွာ" ထိုလူနှစ်ယောက်က ပြောရင်း သူ့နောက်မှာရှိနေတဲ့ Satangကိုလှမ်းကြည့်နေတယ်

"ဟုတ်ပြီလေ ငါက သူ့ရဲ့ Alphaပဲ အဲ့တော့ ငါပြောလိုက်မယ် စောက်ဇယားလာမရှုပ်နဲ့ အိုခေ?" Winnyက ပြောရင်းပဲ စူးစိုက်ကြည့်ပေးလိုက်တယ်
သူ့ရဲ့ ခြိမ်းခြောက်နေတဲ့ ပုံစံကြောင့် ဟိုလူနှစ်ယောက်က သူတို့အသက်မထွက်ခင် မြန်မြန်ပြန်ပြေးဖို့ပဲ ဆုံးဖြတ်လိုက်ကြတော့တယ်

Just A Dare Where stories live. Discover now