အတန်းထဲ -"Satanggggg မနေ့ကမင်းကို တစ်ယောက်တည်းထားခဲ့မိတာ ငါတကယ်တောင်းပန်ပါတယ်ကွာ နော်နော်" Fourthက သူ့ကို စိတ်ဆိုးနေတဲ့ Satangကိုချော့နေရပြီ
Satang - "Humph!! သွားစမ်းပါ"
Fourth - "မင်းကြိုက်တဲ့ ရေခဲမုန့်ဝယ်ကျွေးမယ်လေ ဘယ်လိုလဲ"
Satang- "တစ်ပတ်လုံးလုံး ဝယ်ကျွေးမှာလား"
Fourth- "ဟာဟျောင့် ငါ့ကို အမွေဆက်ခံရမယ့် သူဌေးသားလေးထင်နေတာလား ။ ဒီလိုလုပ်မယ်လေ ဒီနေ့နဲ့ မနက်ဖြန်နှစ်ရက်ဝယ်ကျွေးမယ်လေ"
တကယ်တော့ Satangသိပါတယ် သူ့ရဲ့ သူငယ်ချင်းလေးက အကြောင်းပြချက်မရှိဘဲနဲ့တော့ သူ့ကိုထားသွားမှာမဟုတ်ဘူး
ဒါကြောင့်ပဲ သူFourthကို မြန်မြန်ပဲ စိတ်ဆိုးပြေလိုက်ပါတယ်"Okay ကတိနော်" Fourthက ဂုဏ်ယူစွာနဲ့ပဲပြုံးလိုက်တယ် သူSatangကို ချော့တာအောင်မြင်သွားပြီလေ
"Tang ဒါနဲ့လေ မင်းchemistry တွေကြည့်ပြီးပြီလား ဒီနေ့ စာမေးပွဲရှိတယ်နော်"
"အာ ချီးပဲ ငါအဲ့ဒါမေ့နေတာ"
"ဘာမှမဖြစ်ပါဘူး စိတ်ပူမနေနဲ့ ငါလည်း မကျက်ခဲ့ဘူး မင်းလည်း မကျပါဘူး မင်းက အတန်းရဲ့ ထိပ်ဆုံးကျောင်းသားလေးပဲကို"
"အဲ့လိုပဲမျှော်လင့်ပါတယ်"
Teacher- "Goodmoringပါ သားတို့သမီးတို့ရေ ဒီနေ့ပြောထားတဲ့အတိုင်း chemistry စာမေးပွဲရှိတယ်နော် ဆိုတော့ကား မင်းတို့ပစ္စည်းတွေအကုန်နောက်ခုံတွေမှာ သွားထားပေးပါ"
စာမေးပွဲက ဖြေဖို့ အချိန်၂နာရီပေးပေမယ့် Satangက တစ်နာရီနဲ့ပဲ ပြီးသွားပါတယ် ဒါပေမယ့် သူ အပုဒ်၅၀ထဲကမှာ ၃၅ပုဒ်ပဲဖြေနိုင်ခဲ့တာ
(တစ်နာရီပဲ ကျန်တယ် tick tok tick tok )
(အို့ဟိုး မင်းတော့ဒီနေ့ကျပြီ)
(မင်းမိဘတွေကတော့ မင်းကိုစိတ်ပျက်နေတော့မှာ)"ပါးစပ်ပိတ်ထားစမ်း" Satangက မျက်လုံးပိတ်ပြီး အသံတိုးတိုးနဲ့ပဲ ပြောလိုက်တယ်
သူစာစဉ်းစားဖို့ အချိန်လိုပေမယ့် အဲ့ဒီအတွေးတွေ အဲ့ဒီအသံတွေက သူ့ကိုသတ်နေတာ"SatangKittiphop မင်းပြဿနာတစ်ခုခုရှိလို့လား" Chemistry ဆရာကမေးလာတယ်