Unicode
အရှင်မရှိသည့်ရက်တွေမှာ အရှင့်အလုပ်တွေကိုအကြံပေးအမတ်ကြီးသောမက်စ်ကလက်လွှဲယူရသည် အိုဝမ်ကတော့အရှင့်နှင့်အတူဘူလော်ညိုပါသွားသည်
ထယ့်အတွက်ကတော့ပျော်စရာပါဘဲ နေပူထဲစာဖတ်ရင်ဘဲဖြစ်ဖြစ်အစားမစားရင်ဘဲဖြစ်ဖြစ်လိုက်ချုပ်ခြယ်မည့်သူမရှိတော့သလို လေဒီအန်းနဲ့ဆျာသောမက်စ်တောင်မှ ရွှေရောင်တော်ဝင်တံဆိပ်ပြားလေးပြလိုက်ရုံနဲ့အကုန်ဘာမှမပြောရဲတော့တာ
အခုလည်း ထိုတံဆိပ်ပြားအားကိုးဖြင့်နန်းတော်အပြင်ထွက်ဖို့ပြင်နေတာဖြစ်သည်၊လေဒီအန်းကစားဖိုဆောင်မှာမို့ နာဟီရာကခိုးထွက်ဖို့တော့လွယ်လွယ်ကူကူပင် ခက်သည်ကဝင်းဆောကိုဖြတ်ရမှာပင်
"ဟူး...ထယ်ထယ်မင်းလုပ်နိုင်ပါတယ်!
သေချာပေါက်ဂျွန်အက်ဒဝပ်ဆီကနေထွက်ပြေးနိုင်ရမယ်"ထယ်ခေါင်းစွပ်ပါသည့်ဝတ်ရုံအနက်လေးခြုံကာဝင်းဆောကိုစဖြတ်ရတော့သည် ၁၅မိနစ်အကြာမှာတော့ခက်ခက်ခဲခဲဖြင့်ရဲတိုက်ဂိတ်ဝသို့ရောက်လာခဲ့သည်
ဂိတ်စောင့်၂ယောက်ကထယ့်ကိုသေချာကြည့်လာသည်
"ဘာလိုသလဲ လိုတရီယို"
သူတို့ထယ့်ကိုသိနေသည်
"ကျွန်တော်မြို့ထဲသွားမလို့"
"Your Majestyခွင့်ပြုချက်မရှိရင်ထွက်လို့မရပါဘူး"
တားနေသည့် အစောင့်တွေကိုတော်ဝင်တံဆိပ်ပြားပြလိုက်တော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးလမ်းဖယ်ပေးလာသည်
"နေမဝင်ခင်ပြန်လာခဲ့ရပါမယ်"
"အင်း သိပြီ"
ခပ်လှမ်းလှမ်းရောက်ကာမှ ရဲတိုက်ကြီးနှစ်ခုကိုနောက်ဆုံးအနေဖြင့်ပြန်ကြည့်ကာ ငွေစအနည်းထည့်ထားသည့်အစိမ်းရောင်အိတ်အရှုံ့လေးကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ရင်း အရှင်နဲ့ဝေးရာသို့ထွက်လာလိုက်တော့သည်။
သူမှာလည်းကြင်ယာလောင်းလျာရှိနေပါလျှက် ထယ့်ကိုအီစီကလီလုပ်နေတာကိုဘယ်လိုမှမသထီနိုင်ဘူး၊နောက်ပြီးထယ်သာကိုယ်ဝန်ဆောင်နိုင်မှန်းသိရင်ဂျွန်အက်ဒဝပ်ကလုံးဝလွှတ်ပေးတော့မည်မဟုတ် သူတို့လိုဘုရင်တွေကထီးနန်းဆက်ခံမည့်ရင်သွေးဆိုအရူးအမူးကိုလိုချင်နေကြတာမလား

YOU ARE READING
𝘌𝘮𝘱𝘳𝘦𝘴𝘴 𝘖𝘧 𝘛𝘩𝘦 𝘒𝘪𝘯𝘨 𝘖𝘧 𝘌𝘯𝘨𝘭𝘢𝘯𝘥
أدب الهواة"𝖸𝗈𝗎𝗋 𝖬𝖺𝗃𝖾𝗌𝗍𝗒 𝖼𝖺𝗆𝖾 𝗍𝗈 𝗆𝖾 𝗐𝗂𝗍𝗁 𝖺 𝗌𝗆𝖺𝗅𝗅 𝖻𝗋𝖾𝖾𝗓𝖾." 𝖩𝖾𝗈𝗇 𝖤𝖽𝗐𝖺𝗋𝖽 (𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄) 𝖫𝗈𝗍𝗁𝖺𝗋𝗂𝗈 𝖳𝖺𝖾 𝖳𝖺𝖾 (𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀)