"ဂွမ်ဆွန်းယောင်း"
ဝရန်တာတွင် ငြိမ်သက်စွာ ရပ်နေသော ဆွန်းယောင်းအား ဝန်းနူမှ အနောက်ကနေ ခေါ်သည်ကြောင့် လှည့်ကြည့်လေသည်။
"ဆွန်းဂွမ်ရောက်ပြီ။"
"ဟုတ်လား။ ကျေးဇူး။"
တည်တံ့နေသော မျက်နှာဟာ ချက်ချင်း အပြုံးပန်းများ ဝေဆာသွားပြီး ဝန်းနူအား ကျော်ကာ ဆွန်းဂွမ်ရှိရာ အောက်ထပ်သို့ ဆင်းသွားလေ၏။ ဝန်းနူလည်း နှာခေါင်းတစ်ချက်ရှုံ့ကာ အနောက်မှ အေးဆေး ဆင်းလာသည်။
"ပိတ်ရက် ဘယ်သွားကြမလဲ။"
"မသိသေးဘူး။ ဘယ်သွားရင် ကောင်းမလဲ။"
"ဆွန်းဂွမ်"
အီချန်းနှင့် စကားပြောနေသော ဆွန်းဂွမ်အား အနားရောက်သွားသော ဆွန်းယောင်းက ခေါ်လေသည်။ ဆွန်းဂွမ်မော့ကြည့်လိုက်သည်နှင့် မျက်လုံးများ မှိတ်ကျသည်အထိ ရယ်နေသည်မှာ ချစ်စဖွယ်ပင်။
"နောက်ကျတယ်နော်။ စောင့်နေတာ။"
"နေ့လယ်က အိပ်ပျော်သွားတာလေ ညနေတော်တော်စောင်းမှ နိုးလာတော့ ပြင်ဆင်နေရတာနဲ့ နောက်ကျသွားတာ။ ငါနောက်ဆုံးတော့ မဟုတ်ဘူးမလား။"
"မင်းနောက်ဆုံးပဲ။"
ဆွန်းယောင်းကိုပြောကာ အခန်းတွင်း ဝေ့ကာ ကြည့်နေသော ဆွန်းဂွမ်အား ဝန်းနူက ပြောသည်။
"ဘာလို့နောက်ဆုံးရမှာလဲ။ အခု ဆယ့်နှစ်ယောက်ပဲရှိတာကို။"
"ဂျီဟွန်းလိုနေတာလေ။ ဂျီဟွန်းက အစကတည်းက မလာနိုင်တာ။ ခရီးသွားနေလို့။ အဲတော့ မင်းနောက်ဆုံး။"
"အာ ဟုတ်သားပဲ။ သူဘယ်အချိန်ပြန်ရောက်မှာတဲ့လဲ။"
"နောက်နှစ်ပတ်နေမှ... ဟမ် ဂျီဟွန်း"
ဆွန်းဂွမ်အမေးအား ဆွန်းချောလ်က ဖြေနေစဥ် သူတို့ထိုင်နေသော ဧည့်ခန်းထဲသို့ ဝင်လာသော ဂျီဟွန်းကြောင့် အံ့ဩစွာ ခေါ်လိုက်မိသည်။
"ကိုယ်တို့အခုပဲ ဂျီဟွန်းအကြောင်းပြောနေတာ။"
"ဘာတွေလဲ။"
"နောက်နှစ်ပတ်နေမှ ပြန်ရောက်မဲ့အကြောင်းလေ။"
"အာ အဲတာလား။ ချွဲဆွန်းချောလ်ကို လွမ်းလို့ အလုပ်တွေ အမြန်လုပ်ပြီး ပြန်လာတာလေ။"

YOU ARE READING
Who?
Fanfiction"ဘယ်သူလဲ။ ဘယ်သူ့ကြောင့် ငါတို့ဒီလိုပိတ်မိနေရတာလဲ။" Seventeen SoonBoo Fanfic Oneshort Myanmar