(3)

89 17 26
                                    

"သွားပြီ။ သွားပြီ။ ဆော့မင်ထွက်သွားပြီ။"

​ဂျွန်ဟွီးနှင့်မြောင်ဟိုတို့နှစ်ယောက် အတူပုန်းရန် နေရာရှာရင်း ဂျွန်ဟွီးမှ ဆော့မင်ပြန်လာမရှာလောက်သော ထမင်းစားခန်းထဲပုန်းကြရန် ပြောသဖြင့် ဆော့မင်ထွက်လာမည်အား အကွယ်တစ်နေရာက စောင့်နေကြခြင်းပင်။ ဆော့မင်ထွက်သွားသည်နှင့် သူတို့နှစ်ယောက် ထမင်းစားခန်းထဲသို့ ဝင်ကာ စားပွဲခုံကျယ်ကြီးအောက် ဝင်လှဲနေလိုက်ကြ၏။ ဂျီဟွန်းပြောသလိုပင် တစ်ပတ်တစ်ခါလူခေါ်ရှင်း၍ ကြမ်းပြင်ကအစ ရှင်းလင်းနေသည်။ စားပွဲကလည်း မြင့်ပြီး ကျယ်သည်ကြောင့် သူတို့နှစ်ယောက် ပုန်းရသည်မှာ သက်သက်သာသာ။ စိတ်ပါလျှင် အိပ်၍ပင်ရသည်။

"ဂျွန် ဂျွန်"

"ဟမ်"

"ဟိုစားပွဲထောင့်က ဘာလေးလဲ။"

လှဲနေစဥ် မျက်လုံးသာ လှုပ်ရှားကာ ဟိုကြည့်ဒီကြည့် ကြည့်နေရင်း စားပွဲအောက်ခြေထောင့်မှ အနီရောင်အရာလေးအား မြင်၍ မေးသည်ကြောင့် ဂျွန်ဟွီးမှာ ထိုင်၍ ရွေ့ကာသွားကြည့်ရလေသည်။

"ခလုတ်တစ်ခုပဲ။ ဘာလို့စားပွဲခုံအောက်ခြေမှာ ရှိနေတာလဲမသိဘူး။... လျှောက်မကိုင်နဲ့လေ။ အန္တရာယ်များတာဆို ဘယ်လိုလုပ်မလဲ။"

ဂျွန်ဟွီးက စူးစမ်းဟန်နှင့်ပြောလေတော့ ​မြောင်ဟိုကပါ ထိုင်ကာ ခလုတ်ကို ထိကြည့်နေသည်။

"ဘာမှမဖြစ်ပါဘူး။"

ဂျွန်ဟွီးပြောစကားအား မြောင်ဟိုက မနာခံပဲ ခလုတ်အား ဖိချလိုက်တော့ ဘာမှမဖြစ်လာ။

"တွေ့လား။ ဘာမှ..."

မြောင်ဟိုမှ ဂုဏ်ယူဟန်နှင့် ပြောနေစဥ် တစ်ခုခုရွေ့သွားသံကြားလိုက်ရသည်ကြောင့် ပြောလက်စရပ်သွားရ၏။ စားပွဲအောက်မှ နှစ်ယောက်လုံး ထွက်ကာ အခန်းအား ဝှေ့ကြည့်လိုက်တော့ မုန့်များထားထားသော စင်အကြီးကြီးသည် ရွေ့နေပြီး မှောင်နေသော ​နေရာအား မြင်လိုက်ရသည်။

"ဒါဘာလဲ။ မြေအောက်ခန်းသွားတဲ့ဟာလား။"

"ဖြစ်နိုင်တယ်။ သွားကြည့်ရအောင်။"

Who?Where stories live. Discover now