"ဘလုပ်နေတာတုန်း။ ခိုးချောင်ခိုးဝှက်။"
"လန့်လိုက်တာ။"
ဂျီဟွန်း အလုပ်မှ ပြန်လာစဥ် နှင်းဆီပန်းအဖြူတစ်ပွင့်အား ကိုင်ကာ ခြံတံခါးဝတွင် ကုတ်ချောင်းချောင်းဖြစ်နေသည့် သူငယ်ချင်းဖြစ်သူအား မေးလိုက်လေတော့ အတည်လန့်သွားဟန် တုံ့ပြန်သည်။
"အဲတာ ဘာလုပ်နေတာ။"
"စောင့်နေတာ။"
"ဘယ်သူ့ကို... အာ ဘူဆွန်းဂွမ်ကိုလား။"
"တိုးတိုးနေစမ်းပါ။"
ပါးစပ်ပိတ်ရန် အမူရာပြပြီး ပြောသည်ကြောင့် ဂျီဟွန်းလည်း ရယ်ကာအနားသွားလိုက်သည်။ နောက်တော့ လက်ထဲမှ ပန်းအား လုကာ ပစ်ချလိုက်၏။
"မင်း ဘာလုပ်တာတုန်း။"
"နာမည်ပဲ သိရသေးတာကို တည့်ကြီး ပန်းပေးဦးမလို့လား။ ဦးနှောက်လေးသုံးစမ်းပါ။ အနှစ်၃၀၀အသက်ရှင်လာတဲ့ကောင်က ဗဟုသုတ အသိဉာဏ် ဘာမှမရှိနေဘူးပဲ။"
"ရန်စနေလည်း ပြန်ပြောဖို့ အချိန်မရှိဘူး။"
"သိတယ်။ ပြောပါဦး။ အခု သူ့ကိုဘာလို့ စောင့်နေတာလဲဆိုတာ။"
"တနင်္ဂနွေနေ့ ညနေတိုင်း သူက စာကြည့်တိုက်ဆိုတာကိုသွားတယ်။ အဲတာကြောင့်..."
"အဲတော့ သွားမဲ့လမ်းမှာ ပန်းပေးမယ်ပေါ့။ ဘယ်လိုတောင် တုံးတာတုန်း။ သွားမဲ့နေရာကိုသိနေရင် အခုလိုနေရာမှာ မစောင့်နေပဲ အဲဒီနေရာမှာ သွားစောင့်နေရတယ်ကွ။ အခုသွားတော့။"
ပုခုံးအား ခပ်ကြမ်းကြမ်းပုတ်ကာ ခြံပြင်သို့ တွန်းထုတ်ပြီး ခြံတံခါးပိတ်သွား၍ ဆွန်းယောင်းတစ်ယောက် ကြောင်ကာရပ်နေပြီးမှ ဂျီဟွန်းပြောသည့်အတိုင်း စာကြည့်တိုက်သို့ သွားရန် ခြေလှမ်းပြင်လိုက်တော့၏။
___ထိုနေ့က ဂျီဟွန်းအကြံပြုချက်ကြောင့် စာကြည့်တိုက်တွင် စာအုပ်ဖတ်ဟန်ဆောင်ကာ စောင့်နေသော ဆွန်းယောင်းနှင့် သူစောင့်နေသည့် ထိုကောင်လေး ဆွန်းဂွမ်တို့ ဆုံကြပြီး စကားများပြောကာ နာမည်သာသိသော ဆက်ဆံရေးထက်ပို၍ ရင်းနှီးသွားကြလေသည်။ ထိုနောက်လည်း တနင်္ဂနွေနေ့တိုင်းမှာ စာကြည့်တိုက်တွင် အဓိက ဆုံကြကာ ပန်းပင်ရေလောင်းချိန်မှာလည်း စကားများပြောကြလေ၏။ သို့သော် ဆွန်းယောင်းက ဤအခြေနေအား ရောင့်ရဲခြင်းမရှိပါပေ။ ပို၍ နီးစပ်ရန် အမြဲစဥ်းစားနေသည်ပင်။
YOU ARE READING
Who?
Hayran Kurgu"ဘယ်သူလဲ။ ဘယ်သူ့ကြောင့် ငါတို့ဒီလိုပိတ်မိနေရတာလဲ။" Seventeen SoonBoo Fanfic Oneshort Myanmar