(2)

176 24 29
                                    

"ဒီမှာ ခဏဆင်းကြမှာ။ မင်းတို့လည်း ဆင်းချင်တဲ့သူဆင်းပြီး တစ်ခုခုစားကြလေ။"

မောင်းလာပြီး ခဏအကြာ ယာဥ်ရပ်နားစခန်းတွင် ရပ်ကာ ဆွန်းချောလ်က ပြောလာသည်ကြောင့် တချို့က ဆင်းကာ အပေါ့သွားသည့်သူကသွား မုန့်ဝယ်စားသည့်သူကစားကြလေသည်။

"ဆွန်းယောင်း"

"ဟင်"

"ဂျီဟွန်းက ခရီးသွားနေတုန်း တစ်ခုခုဖြစ်ခဲ့တာတော့ မဟုတ်ဘူးမလား။"

"ဟမ် ဘာကိုလဲ။ ဘာမှမဖြစ်ပါဘူး။"

ဆွန်းချောလ်၏ စိုးရိမ်ဟန်ဖြင့်အမေးအား ဆွန်းယောင်းက ချက်ချင်းပြန်ဖြေပေးသည်။

"အရင်ကနဲ့ မတူတော့သလိုခံစားရတယ်။ ငါတို့ကြားက ကိစ္စတွေကိုလည်း လွယ်လွယ်မေ့နေတာ။ တခြားတစ်ယောက်လိုပဲ။ အဲတာ တစ်ခုခုဖြစ်လာသလားလို့လေ။ မင်းနဲ့အခင်ဆုံးဆိုတော့ သိမလားမေးကြည့်တာ။"

"မင်းစိတ်ထင်နေတာပါ။ ဘာမှမဖြစ်ပါဘူး။ သူလည်း ပြောင်းလဲတာရှိမှာပေါ့။ တွေးပူမနေနဲ့။"

သူ၏ပုခုံးအား ပုတ်ကာ ပြောသောဆွန်းယောင်းအား ဆွန်းချောလ် ခေါင်းငြိမ့်ပြကာ ကားပေါ်ပြန်တက်လာလိုက်သည်။ ကားပေါ်တက်တက်ချင်းပဲ အရှေ့ဆုံးခုံတွင် ထိုင်နေခဲ့သော ဂျီဟွန်းက ပြုံးပြလာသည်ကြောင့် ပြန်ပြုံးပြလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ပေါ့ပေါ့ပါးပါးပင်နေရန် ဆုံးဖြတ်လိုက်၏။
___

"ဝါး ဂျီဟွန်း မင်းဒီလိုအိမ်မျိုး ဝယ်ထားမယ်လို့ မထင်ခဲ့ဘူး။"

"အိမ်ရဲ့ပုံစံက တအားမိုက်နေတော့ ဝယ်လိုက်တာ။"

ကားပေါ်မှ ဆင်းဆင်းချင်း မြင်လိုက်ရသော ကြီးမားပြီး ခမ်းနားသော အိမ်ကြီးကို မျက်လုံးဝေ့ကြည့်ကာ  ဆွန်းယောင်းက တအံ့တဩပြောသည်ကို ဂျီဟွန်းက ပြန်ဖြေလေ၏။

"ညဘက်ကျရင် ကြောက်စရာကောင်းမဲ့ပုံပဲ။"

အကုန်လုံး အိမ်ထဲ မဝင်နိုင်သေးပဲ ကြည့်နေစဥ် ဆော့မင်က တစ်ယောက်တည်း ရေရွတ်ဟန်နှင့် ပြောသည့်စကားကြောင့် အကုန် ရယ်လိုက်မိကြသည်။

Who?Where stories live. Discover now