ဂျွန်ဟွီးနှင့်မြောင်ဟိုတို့နှစ်ယောက် မှောင်မည်းနေသော နေရာအား ဖုန်းမီးအကူနှင့် နာရီဝက်အကြာ ဆင်းလာကြအပြီးမှာတော့ အလင်းရောင်အား မြင်လိုက်ကြရသည်။ သူတို့လည်း ထိုအလင်းရောင်ဆီသို့ ပြေးသွားလိုက်တော့ စာအုပ်စင်တွေအား ဘေးဘက်တွင် တွေ့ရလေ၏။ အလယ်မှာတော့ အမြင်အာရုံအား ဖမ်းစားထားသော ပန်းချီကားတစ်ချပ်ဟာ နေရာယူထားသည်။ သူတို့နှစ်ယောက်လည်း ထိုပန်းချီကားချပ်ကြီး အနားကို သွားကာ သေချာကြည့်လိုက်မိ၏။
"ဒါက..."
"ဆွန်းယောင်းနဲ့ဆွန်းဂွမ်ပဲ။ ဘယ်လိုလုပ် ဂျီဟွန်းအိမ်မှာ..."
ပြုံးပျော်နေသောဆွန်းယောင်းနှင့်ဆွန်းဂွမ်တို့အား ဟောင်းနွမ်းသော်လည်း ခမ်းနားနေသော ပန်းချီကားချပ်ကြီးထဲတွင် ထည်ဝါစွာတွေ့လိုက်ရ၍ သူတို့နှစ်ယောက်လုံး သိတောင်မသိလိုက်မိပါပဲ ပန်းချီကားအား ထိကိုင်လိုက်မိတော့ လျှပ်စစ်စီးသလို တစ်ချက်ခံစားလိုက်ရကာ မေ့မြောသွားကြတော့၏။
___လွန်ခဲ့သော နှစ်ပေါင်း၈၀ခန့်က
"မင်းက အဲဒီပန်းတွေနဲ့ ဘာလုပ်မလို့တုန်း။"
စာရွက်တွေနှင့် အလုပ်ရှုပ်နေသော ဂျီဟွန်းက နှင်းဆီပန်းများ ကိုင်ကာ မှန်ရှေ့တွင် တစ်ယောက်တည်း ကမ္ဘာပျက်နေသည့် ဆွန်းယောင်းအား မေးလေသည်။
"ချစ်ခွင့်ပန်မလို့။"
"ဘယ်သူ့ကို။"
"ဟိုဘက်အိမ်က..."
"ဟိုဘက်အိမ်က အဒေါ်ကြီးကိုလား။ သူ့မှာ အမျိုးသားမရှိတော့ပေမဲ့ မင်းအရွယ်သားရှိတယ်နော်။ မကြံကောင်းတာတွေပါ။"
"တော်စမ်း ဟေ့ကောင်။"
သူ၏ စကားမဆုံးခင် ဖြတ်ပြောသည့် ဂျီဟွန်း၏ ပေါက်ကရစကားကြောင့် ပိတ်အော်လိုက်တော့ ရယ်ပြီး ဆက်ပြောစေရန် အမူရာပြသည်။
"ငါဆိုလိုတာ အဒေါ်ကြီးမဟုတ်ဘူး။ အဲဒီ... အဒေါ်ကြီးရဲ့... သားကို ပြောတာ။"
"ဘာကြီး။ ဟိုလုံးလုံးလေးလား။ ငါအတည်ပြောမယ်။ မင်းအခြေနေနဲ့ လူသားတစ်ယောက်ကိုတောင် ချစ်မိဖို့ မဖြစ်သင့်တာ။ ယောက်ျားလေးတစ်ယောက်ကို ချစ်တာက ခက်ခဲမှာနော်။ ကျန်တာထက် သူကရော လက်ခံမှာလား။ မင်းမရူးစမ်းပါနဲ့ကွာ။"

YOU ARE READING
Who?
أدب الهواة"ဘယ်သူလဲ။ ဘယ်သူ့ကြောင့် ငါတို့ဒီလိုပိတ်မိနေရတာလဲ။" Seventeen SoonBoo Fanfic Oneshort Myanmar