(4)

118 20 27
                                    

"ဟန်ဆိုးလ် ချွဲဟန်ဆိုးလ် မင်းပြောင်းလဲသွားပြီ။"

"ဘာလဲ။ ပိုချောလာလို့လား။"

အမူးသိပ်မပြေသေးသော အီချန်းကို နား၍ရရန် ပုန်းသည့်နေရာအား အိပ်ခန်းကလွဲ ဟန်ဆိုးလ်မှာ ရွေးချယ်စရာမရှိ။ ယိုင်တိုင်တိုင်နှင့် အတွဲမခံပဲ အပေါ်ထပ်သို့တက်ပြီး အိပ်ခန်းထဲရောက်တော့ လှဲလိုက်သည်ကြောင့် ဟန်ဆိုးလ်လည်း လိုက်လှဲရင်း မျက်လုံးမှိတ်ထားစဥ် ထပြောသည်​ကို မျက်လုံးကိုသာဖွင့်ကာ ကြည့်ပြီး ခပ်နောက်နောက်ဆိုလိုက်သည်။

"နေ့လည်က ငါစားချင်တာ စားခွင့်မပေးဘူးလေ။ အရင်က ငါမကုန်ရင် စားနေကျကို အခုငြီးငွေ့သွားတာလား။"

"ဟုတ်တယ်။ ငြီးငွေ့... အ့"

မျက်လုံးအားပြန်၍ မှိတ်ကာ ပြောတော့ စကားမဆုံးခင်ပင် ဗိုက်ကို လက်သီးဆုပ်နှင့် လာထုလေသည်။

"ငါ့ကိုဘယ်လိုလုပ်ပြီး ငြီးငွေ့နိုင်တာလဲ။"

"စတာပါ။ မငြီးငွေ့ပါဘူး။ အဲတာကြောင့် အခုအသံလေးကိုတိုးပြီး ငြိမ်ငြိမ်လေး လှဲနေကြမလား။ အခန်းတွေက အသံလုံမလုံ မသိဘူးလေ။ ကြားသွားပြီး ဝင်လာလို့ မိသွားရင် ဘယ်လိုလုပ်မလဲ။"

ငိုသံနှင့် ပြောလာသည်ကြောင့် ဟန်ဆိုးလ်ထပ်မစတော့ပဲ ပြောလိုက်တော့ သူ့ပါးစပ်သူ လက်ညှိုးလေးနှင့် ပိတ်ကာ ခေါင်းငြိမ့်ပြီး ဘေးတွင် လှဲလိုက်သူ။ အပြုမူက ချစ်စရာ ကောင်းလွန်းနေ၍ ရယ်မိတော့ တဟီးဟီးနှင့် လိုက်ရယ်ပြန်သည်။ သူ၏ အကောင်ပေါက်ဘေးက မူးလျှင် ခံစားချက်မျိုးစုံဖြစ်ကြောင်း ဒီညမှ သိရ၍ စောစောအိပ်နေကျဖြစ်သော သူ့ကိုယ်သူ အပြစ်တင်ချင်သွား၏။

"အီချန်း... ချန်း"

ခပ်တိုးတိုးခေါ်သံအား ပြန်ထူးသံ မကြားရပါပဲ အသက်ရှူသံမှန်မှန်သာ ကြားရသည်ကြောင့် မျက်လုံးဖွင့်ကာ ကြည့်လိုက်တော့ အိပ်ပျော်နေသော အီချန်းကိုသာ တွေ့လိုက်ရသည်။ ကစားနေတာကိုလည်း မေ့သွားပုံပင်။ ဟန်ဆိုးလ်လည်း မနှိုးတော့ပဲ နဖူးကို တစ်ချက်အနမ်းပေးကာ ပြန်လှဲလိုက်၏။ ဒီညမှာတော့ စောစောမအိပ်သည့်အီချန်းက အိပ်ပျော်နှင့်ပြီး စောစောအိပ်သည့်ဟန်ဆိုးလ်မှာတော့ ဘေးမှ အီချန်းအား ထကြည့်လိုက် ပြန်လှဲလိုက်နှင့် အိပ်မပျော်ပါပေ။
_____

Who?Where stories live. Discover now