Intro

701 36 2
                                    

"ကွာရှင်းရအောင်"

ထယ်ယောင်းရင်ထဲ အောင့်ခနဲ

ကွာရှင်းရအောင်တဲ့လားမောင်ရယ် မောင်မလို့ပြောရက်လိုက်တာ
မောင်ဖောက်ပြန်နေတာကိုသိသိကြီးနဲ့ ယောင်း ဘာမှမပြောခဲ့တာကိုမောင်ရယ် မောင့်သားလေးမျက်နှာတောင်မထောက် ကွာရှင်းရအောင်တဲ့လား အရင်က သိပ်ချစ်ပါတယ်ပြောခဲ့တဲ့ မောင်မှဟုတ်ရဲ့လား

"ဘာလို့လဲ မောင် ‌မောင့်ကောင်မက ယောင်းနဲ့ကွာရှင်းပြီးသူနဲ့ယူရအောင်တဲ့လား"

"မင်းမဟုတ်တာလျှောက်မပြောနဲ့ ကင်မ်ထယ်ယောင်း"

ကင်မ်ထယ်ယောင်းတဲ့လား ယောင်းလို့တောင်မခေါ်တော့ဘူးလားမောင်ရယ်

"လျှောက်မပြောပါဘူး မြင်ထားသိထားကိုပြောပြတာပါ"

"တော် မင်းငါ့ကိုကွာရှင်းပေးစမ်းပါ"

ဘာလို့အာ့လောက်တောင် ကွာရှင်းချင်နေရတာလဲမောင်ရယ် မောင်အာ့ကောင်မကိုအာ့လောက်တောင်ချစ်သွားတာလား ဒါဆိုယောင်းကိုရော မချစ်တော့တာလား မချစ်ခဲ့တာလားမောင် မေးလိုက်ချင်တယ်မောင်ရယ် မေးလိုက်ချင်တယ်

"မောင်သိလား တစ်ခါခြံခုန်ဘူးတဲ့သူက နောက်တခါထပ်ခုန်ဖို့၀င်မလေးဘူးတဲ့ မောင်ကနွားဘ၀ကနေ ခွေးဖြစ်ချင်နေမှတော့ မောင့်သဘောပေါ့ ကွာရှင်းပေးပါ့မယ်"

ထယ်ယောင်း ကျလုနီးမျက်ရည်ကိုတောင်ခံကာ မောင့်ကိုပြန်ပြောလိုက်သည် မောင်ထွက်သွားချင်မှတော့သွားပါ ယောင်းမတားဘူးမောင် ဆွဲမထားဘူးမောင် ယောင်းက ဆွဲထားရတာဝါသနာမပါမှန်းမောင်သိမာပါ

"ကင်မ်‌ထယ်ယောင်း! မင်းကွာ!"

သူ့နာမည်ကိုခေါ်ပြီး လက်နဲ့ရွယ်လာတဲ့ မောင့်ကြောင့် မောင့်ကိုအံ့ဩစွာကြည့်မိသည်
မောင်ခုသူ့ကိုလက်နဲ့ရွယ်လိုက်တာလား အဲ့မိန်းမကြောင့်သူ့ကိုရိုက်ဖို့ပြင်လိုက်တာလား မောင့်ကိုငါမုန်းသွားပြီမောင်

"မောင် မင်းခုငါ့အိမ်ကထွက်သွားလိုက်တော့ "

သူ့ကိုလက်နဲ့ရွယ်တဲ့ မောင့်ကိုမမြင်ချင်တော့ မိန်းမတစ်ယောက်ကြောင့် သူတို့ အိမ်ထောင်ကိုဖြတ်ရတဲ့ထိ မိန်းမတစ်‌ေယာက်ကိုမွှန်နေတဲ့မောင့်ကိုသူမုန်းသည်

ထွက်သွားတဲ့ လူရဲ့ကျောပြင်လေးကိုငေးရင်း

"မောင် မင်း ပြောင်းလဲသွားတယ်နော်"


________

ဒါလေး upရမလား

Feedback and Vote ဆယ်ခုရရင် upပေးမယ်

ချူWhere stories live. Discover now