လွန်ခဲ့သောနှစ်လက
"Brain Tumor Disease "
"ဗျာ"
"ဂျောင်ကု မင်းကိုယ့်ကျန်းမာရေးကို ဂရုစိုက် စိတ်ကျရောဂါကနေ ခု Brain Tumor ဖြစ်နေပြီ"
"တစ်ခုခုလွဲနေတာမလား ဆော့ဂျင်Hyung"
"ငါကဆရာဝန်ပါ မလွဲပါဘူး"
"ဒါဆို ဒီရောဂါက ဘယ်လိုမျိုးဖြစ်မှာလဲ ပြီးတော့ ကုလို့ရလား"
"အင်း ရောဂါကတော့ မင်းစိတ်ကျတာများရင် ပိုပိုဆိုးလာမှာ ခေါင်းတွေကိုက်လာမယ် စိတ်ဖိစီးမခံစေနဲ့ "
"စိတ်ဖိစီးတာများရင်ရော"
"မင်းတဖြည်းဖြည်းမေ့တတ်လာမယ် မင်းသိပ်မြတ်နိုးတဲ့အရာတွေကိုပေါ့ ကုချင်ရင်တော့ ခွဲစိတ်မှရမယ် Brain ဖြစ်တဲ့အတွက်ကြောင့် အသက်တော့ အာမမခံနိုင်ဘူး"
ဆော့ဂျင်ဆိုတာ ဂျောင်ကုတို့ရဲ့မိသားစုဆရာဝန် အဖေနေမကောင်းဖြစ်တော့ စသိခဲ့တာ အဖေက Alzheimer ဖြစ်တာဆိုတော့
ဆော့ဂျင်က ဦးနှောက်အထူးကုပေါ့"မင်းအမျိုးသားကို ပြောသင့်တယ်ထင်တယ်"
"မပြောပါနဲ့ ယောင်း စိတ်ညစ်သွားလိုက်မယ် သူ့အလုပ်နဲ့ သူ့ဘာသာစိတ်ညစ်နေတာ အပူတွေမပေးချင်ပါဘူး"
ဆော့ဂျင်တစ်ယောက် ဂျောင်ကုကိုကြည့်ကာ ခေါင်းတရမ်းရမ်းနဲ့
"မင်းရောဂါ က ပိုဆိုးလာမှာ မင်းမပြောလို့မရဘူး"
"ကျွန်တော် သူ့ကိုကွာရှင်းမှာပါ"
"ဘာ! ဘာအတွက်လဲ ဂျောင်ကု"
"ကျွန်တော်က ရောဂါသည်လေ ကျွန်တော်က သေဖို့ရှင်ဖို့က 50/50လေ ကျွန်တော်သေရင် သူမုဆိုးဖို ဖြစ်သွားလိမ့်မယ် အာ့ခါကျ သူပိုဝမ်းနည်းရမယ် ခုကွာရှင်းလိုက်ရင် သူကျွန်တော်ကိုမေ့သွားမှာ အာ့ခါ ကျွန်တော်သေရင် ဝမ်းနည်းရင်တောင် အရမ်းမဟုတ်တော့ဘူးလေ"
ဂျောင်ကု စကားကြောင့် ဆော့ဂျင် ဘာပြောရမှန်းမသိဖြစ်သွားသည် ဂျောင်ကုက သူ့အမျိုးသားကို ချစ်တတ်တာကို အံ့ဩမိတယ်
သူ့ရောဂါကိုသိပြီး တည်းက ထယ်ယောင်းနဲ့ သိပ်မရင်းနှီးအောင်နေသည်
တခါတခါ ရှောင်သည်
ဒါမှ ယောင်းမောင့်ကို စွန့်လွှတ်နိုင်မှာ
YOU ARE READING
ချူ
Fanfiction"မောင်သိလား တစ်ခါခြံခုန်ဘူးတဲ့သူက နောက်တစ်ခါခြံခုန်ဖို့ ၀န်မလေးဘူးတဲ့ မောင်ကနွားဘ၀ကနေ ခွေးဖြစ်ချင်နေမှတော့ မောင့်သဘောပေါ့" #Taehyung