Part 4

563 23 15
                                    

"ယောင်း မောင်ရှင်းပြမယ်"

"လွှတ်စမ်းပါမောင်ရယ် ဒီနေရာမှာ မောင်‌နဲ့ အာ့ကောင်မ ဖောက်ပြန်တဲ့ကိစ္စကို ရှင်းချင်နေတာလား"

ဂျောင်ကု လဲ ခုမှ သတိထားမိတယ် သူတို့ ခုရောက်နေတာ လူတွေများတဲ့ နမ့်ဆန်တာဝါမှာ မနက်စောစော လမ်းလျှောက်တဲ့သူတွေ အတွဲတွေ နဲ့
လူတချို့ကလဲ သူတို့ကို လှည့်တကြည့်ကြည့်နဲ့

"ဖောက်ပြန်တာမဟုတ်ဘူး ယောင်း မောင်အိမ်ရောက်ရင် ရှင်းပြမယ် ခု ပြန်တော့"

ထယ်ယောင်းကို အံ့ဩစွာကြည့်မိတယ် သူကိုပြန်တော့ဆိုပြီး မောင်က ဟိုမိန်းမဆယ်ရာ ဆီကို လှည့်ထွက်သွားတယ်
ခုအမှားလုပ်မိတာ သူလား မောင်လား မသဲကွဲတော့

မောင်သိလား ကျွန်တော် က လေ မောင်သေဆိုသေ ရှင်ဆိုရှင်နေလာတာပါ
မောင်ခုပြန်ခိုင်းတော့လဲ ပြန်ယုံပေါ့

ထယ်ယောင်းတုန်ရီနေတဲ့ လက်နဲ့ကားတံခါးကိုဆွဲဖွင့်ကာ အိမ်ကိုပဲတန်းပြန်ခဲ့တယ်
တစ်လမ်းလုံး ထယ်ယောင်းမျက်ရည်မကျခဲ့ပါ
သူ့မောင်ကိုယုံတယ် မောင်က အာ့လိုလူစားမဟုတ်ဘူးဆိုတာ

"ဆယ်ရာ ကိုယ်တောင်းပန်ပါတယ် အဆင်ပြေရဲ့လား'"

မျက်၀န်းအိမ်လေးထဲမှ မျက်ရည်ကြည်လေးတွေ လဲ့နေတဲ့ ဆယ်ရာကို ဂျောင်ကု ခေါင်းကိုဆွဲမော့လိုက်သည်

"ကျွန်မအဆင်ပြေပါတယ် ‌ထယ်ယောင်းနောက်လိုက်သွားလိုက်အုန်းလေ သူလမ်းမှာမတော်လို့ တခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

ထယ်ယောင်းကို စိတ်ပူစွာပြောနေတဲ့ဆယ်ရာကို ကြည့်နေရင်း အူယား လာတာကြောင့် ပါးပြင်ကို ခွင့်ပြုချက်မရှိဘဲ နမ်းခြွေလိုက်တယ်
ရှက်သွေးဖြာကာ ခေါင်းလေးငုံကြသွားတဲ့ ဆယ်ရာ

"စိတ်ချပါဆယ်ရာ ယောင်းက လျှောက်လုပ်တတ်တဲ့သူမဟုတ်ပါဘူး သူအာ့လောက်မတုံးဘူး ပြီးတော့ ကိုယ်တို့က သူထင်သလိုထိ ဟုတ်မှမဟုတ်ကြသေးတာ "

"ဒါပေမယ့်"

ဆယ်ရာပြောမယ့်စကားကို မကြားချင်တော့တာကြောင့် သူမနှုတ်ခမ်းလေးကို လက်နဲ့အသာဖိလိုက်သည်

ချူWhere stories live. Discover now