Part 3

808 26 13
                                    

"ဟယ်လို မောင်"

"ယောင်းပြောလေ"

"မောင်ပြန်လာတော့မှာလား ယောင်းပြောစရာရှိတယ်မောင်"

"ဘာပြောမလို့လဲယောင်းရဲ့ မောင်အသိတစ်ယောက်နဲ့ချိန်းထားတာ ဒီနေ့ နောက်ကျမယ် ယောင်းပြောမှာအရေးမကြီးဘူးမလား"

"အော် မောင်မအားရင်လဲ ပြန်ကျမှပြောပါ့မယ် အရမ်းအရေးမကြီးဘူး"

"ဟုပြီယောင်း ဒါပဲနော်"

ထယ်ယောင်း ဂျီမင်ဆီက ပြန်ရောက်ရောက်ချင်း ဂျီမင်တို့ပြသနာကိုပြောပြချင်လို့ မောင်မရောက်သေးတာနဲ့ ပြန်လာမှာလားဖုန်းဆက်မိတယ်

မောင်က နောက်ကျမယ်တဲ့ အသိတစ်ယောက်နဲ့ချိန်းထားတယ်ဆိုလို့ ထယ်ယောင်း မပြောပြဘဲနေလိုက်တယ် တော်ကြာ မောင်စိတ်ညစ်နေမှာဆိုးသည်

ကျွန်တော့်ကြောင့် မောင့်ကိုစိတ်မညစ်စေချင် ဒါကြောင့် အမြဲမောင့်အကြိုက်သာနေတယ်


"ဂျွန် ဘယ်သူဆက်တာလဲ ထယ်ယောင်းလား"

"ဟုတ်တယ် ဆယ်ရာ "

"ဒါဆို ဂျွန်ပြန်တော့မလား တို့ပိုက်ဆံရှင်းလိုက်‌ေတာ့မယ်လေ"

"ရပါတယ် ယောင်းကိုနောက်ကျမယ် ပြောထားတယ် စားပြီးရင် တစ်နေရာ ထပ်သွားကြမလား"

"ဂျွန်က ဘယ်သွားချင်လို့လဲ ပြီးတော့ဖြစ်ပါ့မလား"

"ဖြစ်ပါတယ် ဆယ်ရာက ဘယ်သွားချင်လဲ"

"တို့လား ဘယ်မှမသွားချင်ပါဘူး ဒီနေ့ကြင်ဖက်သွားတွေ့တာ အဆင်မပြေခဲ့ဘူး အာ့တာမလို့ စိတ်ညစ်နေတာ"

"ဟော ဘာညစ်စရာရှိလို့လဲ"

"ရှိတာပေါ့ တို့သူငယ်ချင်းတွေက ကလေးတွေတောင်ရနေပြီ တို့ပဲအိမ်ထောင်မကျသေးတာလေ ထယ်ယောင်းနဲ့ဂျွန်တောင် ကလေးရှိသေးတာပဲ"

"အဟွတ် အဟွတ်"

ဆယ်ရာစကားကြောင့် ဂျောင်ကု ကော်ဖီ သီးသွားသည်
သူတို့ကလေး သူမေ့နေတာ သူကအိမ်ထောင်သည်ဆိုတာ ခုလို သူနဲ့ဆယ်ရာ နှစ်ယောက်တည်းရှိနေတာ ယောင်းသိလို့မဖြစ်

"ရရဲ့လားဂျွန် "

ဆယ်ရာ ‌က ဂျောင်ကု အကျီပေါ်က ကော်ဖီတွေကိုသုတ်ပေးကာ ပြောလိုက်တယ်

ချူWhere stories live. Discover now