မနက်စာ စားပွဲဝိုင်းလေးမှာ မနက်စာကိုလက်ဆုံစားနေတဲ့ မိသားစုလေး
"မောင် ယောင်းပြောထားတာ စဉ်းစားပြီးပြီလား"
"မောင်က တော့ သားကို နိုင်ငံခြားမပို့ချင်ဘူးယောင်း သူကငယ်သေးတယ်လေ"
ယောင်းက သားလေးကို နိုင်ငံခြားမှာပညာသင်လွှတ်မယ့် ကိစ္စကို သူနဲ့တိုင်ပင်ထားတယ်
သူစဉ်းစားအုန်းမယ်ပြောလိုက်ပေမယ့် အစတည်းက မလွှတ်ချင်ဘူး သားလကငယ်သေးတယ်လေ မိဘတွေနဲ့အတူနေရမယ့်အရွယ်လေ"၀န်းလေးက မငယ်တော့ပါဘူး မောင်ရဲ့ ဟုတ်တယ်မလားသား"
ယောင်းပြောတာကို ခေါင်းလေးညိမ့်ပြနေတဲ့ သား၀န်းလေးကိုကြည့်ပြီး ဂျောင်ကုခေါင်းခါနေမိတယ် လိုက်လဲလိုက်တဲ့သားအဖ
" မဖြစ်ပါဘူးယောင်းရယ် မောင်သားကိုစိတ်မချဘူး"
"မောင်ရယ် ဟိုမှာက သူ့အဘိုးတွေနဲ့နေရမှာပါ မောင်က ဘာကိုစိတ်မချနေတာလဲ"
"အေး အာ့သူ့အဘိုးတွေနဲ့မလို့စိတ်မချတာ"
"ဘာပြောလိုက်တယ်မောင် အာ့တာယောင်းမိဘတွေနော်"
အေးဆေးပြောနေတဲ့စကားဝိုင်းကနေ ရန်ပွဲအဖြစ်ပြောင်းတော့မာမလို့ ဂျောင်ကု အမြန်ထကာ အပြင်သွားဖို့ပြင်လိုက်တယ်
"ဒါဘယ်လဲ မောင် ဒီနေ့ရုံးပိတ်တယ်ဆို ဒယ်ဒီပြောတယ်"
"အမေတို့ဆီပါ ယောင်းက မောင်ဘာလုပ်လာပ် အကုန်သိနေတာပဲ ဘာလို့မေးနေတာလဲ"
ဒါသပ်သပ်မောင် ကျွန်တော့်ကိုရွဲ့ပြောနေတာ
မောင်စိတ်ဆိုးနေတာ ကင်မ်ထယ်ယောင်းတို့ သူများတွေဆီမှာ မာန ဘယ်လောက်ကြီးကြီး မောင်နဲ့ဆို မာနတွေမောင့်ခြေထောက်အောက်ရောက်သွားတယ်"ဒီနေ့စောစောပြန်လာမယ်မလားမောင် ဟင်"
မျက်လုံးဝိုင်းကာမေးလာတဲ့ယောင်းကြောင့် ထွက်နေသမျှ ဒေါသတွေအကုန် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့တယ်
"ဟုပါပြီ မောင်စောစောပြန်ခဲ့မယ်"
သူပြောတာကို လေးထောင့်ဆန်အပြုံးလေးနဲ့ပြုံးပြပြီး ပါးကိုအနမ်းလေးခြွေလိုက်တဲ့ သူ့အမျိုးသားကို ခေါင်းလေးပုတ်ကာ အိမ်ကနေထွက်လာခဲ့တယ်
YOU ARE READING
ချူ
Fanfiction"မောင်သိလား တစ်ခါခြံခုန်ဘူးတဲ့သူက နောက်တစ်ခါခြံခုန်ဖို့ ၀န်မလေးဘူးတဲ့ မောင်ကနွားဘ၀ကနေ ခွေးဖြစ်ချင်နေမှတော့ မောင့်သဘောပေါ့" #Taehyung