Part-1

193 10 0
                                    

ခက်ထန်ဒီနေ့မေမေ့ မွေးနေ့မိုလို့အလုပ်ကနေအိမ်ကိုစောပြန်လာခဲ့သည်။ ခက်ထန်သူရှယ်ယာအများဆုံးပါထားပြီးသူငယ်ချင်းတွေနဲ့စု​ပြီး လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကြီးတစ်ခုဖွင့်ထားလေသည်။ ဒီခေတ်ကြီးမှာသူ့ထက်ငါ ဆိုင်တွေအပြိုင်ဆိုင်ဖြစ်နေကြတော့စစပိုင်းမှာသူတို့သူငယ်ချင်းတွေအတွက်ခက်ခဲခဲ့သည်။ အခုချိန်မှာတော့ကိုယ့်ဖောက်သည်နဲ့ကိုယ်ဖြစ်လာ၍ အများကြီးအဆင်ပြေလာခဲ့ပြီဖြစ်သည်။

မေမေကတော့သူ့ရွှေဆိုင်ကိုခက်ထန်တို့ညီကိုနှစ်ယောက်ကိုဦးစီးခိုင်းသည်။ ကိုကိုရှိနေပြီပဲလေ သူကဘာလုပ်တော့မှာလည်း သူအဲ့လိုမျိုးတွေလည်းဝါသနာမပါ သူလုပ်ချင်တဲ့ဝါသနာကိုသူကိုယ်တိုင်လုပ်ရမှကျေနပ်တဲ့သူ ဒါကိုမေမေကောသူ့ထက်အသက်နှစ်နှစ်ပိုကြီးတဲ့ကိုကိုရော သိသည်အဲ့ဒါကြောင့်လည်းဘယ်သူမှမနိုင်လို့သူ့ကိုလွှတ်ထားခြင်းဖြစ်သည်။

ဒါပေမယ့်ခက်ထန်မေမေ့မျက်နှာညှိုးမှာတော့အသေကြောက်သည်။ဖေဖေမရှိတော့တဲ့နောက်ပိုင်း မေမေသာသူ့ဘဝဖြစ်သည်။

သူအိမ်ထဲဝင်လာတော့မေမေ့ရယ်မောသံနဲ့အတူ မိန်းကလေးတစ်ယောက်ရဲ့အသံကိုပါကြားလိုက်ရသည်။ ဒီအသံ ခက်ထန်အနှစ်နှစ်အလလ မေ့ဖျောက်ထားခဲ့တာ ဒါတောင်သူ့နှလုံးအိမ်ထဲကနေမှတ်မိနေတုန်း။
ဒီလှိုင်းခက်ထန်ဆိုတဲ့သူ့ကိုအများစုကခက်ထန်လို့သာခေါ်တတ်ကြသည်။ ဒါပေမယ့်အားလုံးထဲကမှ သူမကသူ့နာမည်ကိုထူးထူးခြားခြားခေါ်တာ လှိုင်းတဲ့။

"ဟော သားပြန်လာပြီလားဒီမှာဘယ်သူရောက်နေလည်းကြည့်ပါအုန်း"

"လှိုင်း မတွေ့တာကြာပြီနော်"

ခက်ထန် သူမကိုတွေ့လိုက်ရတော့အံ့သြသွားပြီးမှ ရင်ထဲကနာကြည်းမှုနဲ့ဒေါသတို့ကအပြင်ကိုအံထွက်ကျလာသည်။

"မင်း ဒီအိမ်ကိုဘာကိစ္စနဲ့ရောက်လာတာလည်းရင်ခွင်ဦးမေ ဘာလည်းမင်းအဖေလိုလူသတ်သမားတစ်ယောက်ရဲ့သမီးကို မေမေကခွင့်လွှတ်တယ်အထင်နဲ့ ဒီအိမ်ရိပ်ကိုလာပြန်နင်းတာလား မေမေခွင့်လွှတ်ပေမယ့်ငါမင်းကိုတစ်သက်လုံးခွင့်မလွှတ်ဘူးကွ"

ဆုံမှတ်တွေရဲ့အလွန်Where stories live. Discover now