ရင်ခွင်နဲ့ လှိုင်းတို့ဟာအဲ့လိုဘဲရန်ဖြစ်လိုက်ပြန်တည့်သွားလိုက်နဲ့ပဲ တဖြည်းဖြည်းအချိန်တွေကုန်ဆုံးလာခဲ့တယ်။ဒီနေ့မနက်စောစောကျောင်းအစောလာပြီးယွန်းပြည့်နဲ့ခက်ထန် ချိန်းဖြစ်တယ်။ ယွန်းတို့တွဲလာတာပဲ၈တန်းကျောင်းစဖွင့်လောက်ထဲက မကြာခင်သီတင်းကျွတ်ကျောင်းပိတ်ရက်တောင်ပြန်ရောက်တော့မယ်ဒီလောက်၄၊၅လတွဲလာတာတောင် ခက်ထန်ရဲ့စိတ်အစစ်အမှန်ကိုသူမသိသေးပါ။ ရင်ခွင်ဦးမေခေါ်သလို လှိုင်းဆိုပြီးသူလိုက်ခေါ်တဲ့အချိန်တုန်းက ခက်ထန်ကယွန်းပြည့်ကို မျက်လုံးစိမ်းကြီးတွေနဲ့ကြည့်လာပြီး
"မင်းပါးစပ်က အဲ့ဒီနာမ်စားကိုခေါ်ခွင့်မရှိဘူး"ဟုယွန်းပြည့်ကိုစူးစူးဝါးဝါးပြန်ပြောတာခံခဲ့ရဖူးသည်။"ဘာဖြစ်လို့လည်း ရင်ခွင်ကျတော့ခေါ်ခွင့်ရှိပြီးနင့်ကောင်မလေးဖြစ်တဲ့ငါကခေါ်လို့မရတာလည်း"
"မင်းအရင်ငါ့ကိုချဥ်းကပ်ခဲ့တာနော်ယွန်းပြည့်
ငါ့ဘက်ကစပြီးအဆတ်ဖြတ်လိုက်တာကို လိုချင်တယ်ဆိုလည်းချက်ချင်းလမ်းခွဲပေးလိုက်လို့ရတယ် အဲ့လိုဆိုရင်ကောမင်းအဆင်ပြေရဲ့လား"ထိုအချိန်ကစပြီးယွန်းပြည့်လည်းခက်ထန်ကိုအဲ့ဒီနာမ်စားထပ်မခေါ်ရဲတော့ပါ။ကိုယ့်ဘက်ကအရူးအမူးချစ်ခဲ့မိတာကိုပဲအပြစ်တင်မိလိုက်ပါတော့သည်။ ခက်ထန်ကတစ်ခါတစ်လေယွန်းပြည့်သူနဲ့စိတ်ဆိုးစိတ်ကောက်တိုင်းတစ်ခါမှသူ့ဘက်ကစမချော့ဘူးသလိုသူမှားရင်တောင် တောင်းပန်ခဲ့ဖူးတာမျိုးလည်းမရှိခဲ့
အဲ့ဒီလောက် ကိုယ့်အပေါ်ရက်စက်နေတဲ့သူကိုမှယွန်းပြည့်လည်းဘာလို့ချစ်မိသွားမှန်းမသိပါ။ကိုယ်ထားခဲ့တဲ့ကောင်လေးတွေရဲ့ဝဋ်များခံနေရတာလားမသိပါဘူး။ခု ယွန်းပြည့်တို့က ကျောင်းမရောက်ခင်လမ်းတစ်ဝက်နားမှာခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းရှိတယ်။အဲ့နားကအုတ်ခုံမှာခနထိုင်ကာစကားပြောနေကြခြင်းဖြစ်သည်။
"ကို သီတင်းကျွတ်ရင် ဘာplanတွေရှိလည်းဟင်"
"သိပ်ပြီးထူးထူးခြားခြားတော့မရှိပါဘူး ဘာဖြစ်လို့လည်း"
YOU ARE READING
ဆုံမှတ်တွေရဲ့အလွန်
Romanceအိမ်ချင်းကပ်ရက်ငယ်ဘဝထဲကသိလာတဲ့သူငယ်ချင်းနှစ်ယောက်တက္ကသိုလ်ထိတူတူတက်ပြီးကံကြမ္မာဆိုးကြောင့်ခွဲခွာသွားရတဲ့သူတို့နှစ်ဦးအမှတ်မထင်ဘယ်လိုအခြေနေတွေနဲ့ပြန်ဆုံတွေ့ကြပြီးဘာတွေဆက်ဖြစ်သွားမလည်း? ဒီficလေးမှာတော့မင်းသားက red flagဘက်ကိုနည်းနည်းရောက်မယ်နော်