ရင်ခွင်တို့ကျူရှင်ဆင်းတော့ ခိုင်ကြီးကမုန့်တီသွားသောက်ကြမည်ဟုအဖော်စပ်သဖြင့် သူတို့လမ်းထိပ်ကနားကမုန့်တီဆိုင်သို့ ရင်ခွင်ရယ်ခိုင်ကြီးရယ် ဇင်နှင်းရယ်မြတ်ကိုရယ်စိုင်းရယ်၅ယောက်သားချီတက်ခဲ့တော့သည်။
လှိုင်းကတော့ ယွန်းပြည့်အိမ်နောက်ပဲပါသွားလားဘယ်သွားလည်းမသိ ရင်ခွင်လည်းသူ့အကြောင်းမတွေးချင်တော့ပါ။မုန့်တီဆိုင်ရောက်တော့ ထင်သည့်အတိုင်းရင်ခွင်တို့ထက်အရင်လှိုင်းနဲ့ယွန်းပြည့်အိမ်ကတစ်ဝိုင်းသက်သက်ထိုင်ကာရောက်နှင့်လေသည်။
ရင်ခွင်တို့ကလည်းသူတို့နဲ့မလှမ်းမကမ်းမှာသွားထိုင်ကာ မုန့်တီမှာထားလိုက်သည်။"မြတ်ကို ယွန်းပြည့်အိမ်နဲ့ခက်ထန်နဲ့ကဘာတွေလည်းဘယ်တုန်းကကြိုက်သွားကြတာလည်း"
ခိုင်ကြီးအမေးကိုမြတ်ကိုကသူ့မေးစေ့သူပွတ်လိုက်ပြီးစဥ်းစားဟန်ဖြင့်
"ငါလည်းသေချာမသိဘူးဟ သူတို့နှစ်ယောက်ကကြိုက်တော့မကြိုက်သေးဘူးဒါပေမယ့် မကြာခင်မှာတော့ရည်းစားဖြစ်လာနိုင်ချေရှိတယ်"
ရင်ခွင်သူတို့နှစ်ယောက်ဘက်ကိုမသိမသာမျက်လုံးစွေကြည့်လိုက်တော့ လှိုင်းကရင်ခွင့်ဘက်ကိုကြည့်တာနဲ့တိုး၍ရင်ခွင်မှာကပျာကယာအကြည့်လွှဲလိုက်ရသည်။
ထိုစဥ်ယွန်းပြည့်အိမ်ကလှိုင်းကိုတစ်ခုခုပြောပြီးပြန်သွားတော့ လှိုင်းကရင်ခွင်တို့ဝိုင်းဘက်ကိုလျှောက်လာသည်။"ဟယ်လို ဆရာသမားအခြေနေကောင်းရဲ့လား ဘယ်လိုဖြစ်သွားရတာလည်း မင်းသူ့ကိုကြည့်မရဘူးမဟုတ်ဘူးလား"
မြတ်ကိုကထိုသို့ပြောတော့ခိုင်ကြီးကပါ
"အေ့လေခက်ထန်ရယ် မိန်းကလေးချင်းမကောင်းပြောတာတော့မဟုတ်ပေမယ့် ယွန်းပြည့်အိမ်ကတစ်ကယ့်စပ်စလူး နင်ကျန်ခဲ့မယ်နော်တွဲပြီးမှ"
"ဟားးငါ့ကိုစိတ်ပူလို့ပြောတာတော့ကျေးဇူးတင်ပေမယ့် သူကအဲ့လောက်ကြီးလည်းမဆိုးပါဘူးကွာ ငါကသူ့ကိုအချိန်တွေအကြာကြီးတွဲမှာမှမဟုတ်ပဲနဲ့ကွာ မင်းတို့ကလည်း"
ရင်ခွင် လှိုင်းကိုသာအံ့သြတစ်ကြီးကြည့်မိပါသည်။ ငါနင့်ကိုစိတ်ဝင်စားပေမယ့်ဘယ်တော့မှဖွင့်မပြောဘူးလှိုင်း ငါနင့်ကိုသိပ်ကြောက်တာပဲ တစ်ကယ်လှိုင်းရဲ့ဒီပုံစံကခလေးဘဝတုန်းကလှိုင်းမဟုတ်တော့ဘူး။
YOU ARE READING
ဆုံမှတ်တွေရဲ့အလွန်
Romanceအိမ်ချင်းကပ်ရက်ငယ်ဘဝထဲကသိလာတဲ့သူငယ်ချင်းနှစ်ယောက်တက္ကသိုလ်ထိတူတူတက်ပြီးကံကြမ္မာဆိုးကြောင့်ခွဲခွာသွားရတဲ့သူတို့နှစ်ဦးအမှတ်မထင်ဘယ်လိုအခြေနေတွေနဲ့ပြန်ဆုံတွေ့ကြပြီးဘာတွေဆက်ဖြစ်သွားမလည်း? ဒီficလေးမှာတော့မင်းသားက red flagဘက်ကိုနည်းနည်းရောက်မယ်နော်