ယွန်းပြည့်အိမ်ပြီးတော့ ရင်ခွင့်အလှည့်ရောက်လာခဲ့သည်။"ဘာကျတာလည်းရင်ခွင် ငါ့ကိုပြကြည့်"
ခိုင်ကြီးကရင်ခွင့်လက်ထဲကစာရွက်ကိုယူပြီးဖတ်ကြည့်လိုက်သည်။
"ကိုယ်အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကိုပြောပြရမည်တဲ့ "
ရင်ခွင် ကိုယ်ဘာဖြစ်ချင်လည်းဆိုတာကိုတောင်မသိခဲ့တာကြာပါပြီ။မေမေ့ကိုမပင်ပမ်းအောင်ထားနိုင်ဖို့လားဒါမှမဟုတ် တစ်ခုခုပေါ့ ဒါပေမယ့်လည်းရင်ခွင်ဒီတစ်ခုတည်းသောဆန္ဒလေးကိုတော့တစ်ကယ်ပြည့်ချင်သည်။
"အင်းး ကမ္ဘာလောကကြီးမှာငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ နေပြီးဘယ်သူမှမသိတဲ့နေရာမှာပဲတိတ်ဆိတ်စွာသေဆုံးသွားချင်တယ် အဲ့ဒါလေးပါပဲ"
ရင်ခွင့်စကားလည်းဆုံးရောအားလုံးကရင်ခွင့်ကို ငေးစိုက်ကြည့်နေကြသည်။
"ဟားး ဒီတိုင်းပဲပြောလိုက်တာပါဟာ စိတ်ထဲမထားကြပါနဲ့ "
"ရင်ခွင်နော် ဘာတိတ်ဆိတ်စွာသေဆုံးသွားချင်တာလည်း သူငယ်ချင်းတွေနဲ့အချိန်အကြာကြီးပျော်ရွှင်စွာနေရအုန်းမှာကိုလူကခုမှငယ်ငယ်လေးပဲရှိသေးတယ် သေမယ့်စကားကပြောနေပြီ"
"မဟုတ်ပါဘူးဟယ် ငါကစကားအဖြစ်ပြောတာပါခိုင်ကြီးကလည်း "
"ကဲကဲထားပါတော့ဒီတစ်ခါငါ့အလှည့်ပဲငါအရင်နှိုက်မယ် "
မြတ်ကိုကသူပြောပြီးသူ့ဘာသာမဲလိပ်နှိုက်လိုက်သည်။
"ဘာတဲ့လည်းမြတ်ကို ပြကြည့်စမ်းပါ"
မြတ်ကိုကမဲလိပ်ဖတ်ပြီး စပ်ဖြဲဖြဲမျက်နှာထားနဲ့
"ဟဲဟဲ ငါကဗလာကျတယ် ဒါကတော့ကိုယ့်ကုသိုလ်ကံနဲ့ကိုယ်ပဲလေမတတ်နိုင်ဘူး"
"နင် နင့်ဘာသာနင်ရေးထားပြီးညစ်တာလားမသိဘူးနော်မြတ်ကို"
"မဟုတ်ရပါဘူးဟာ ငါဘယ်တုန်းကညစ်ဖူးလို့လည်းနင်တို့ကလည်းမယုံသင်္ကါနဲ့ ဒီတစ်ခါ ခက်ထန်အလှည့်"
ခက်ထန်လည်းမြတ်ကိုဆီကမဲလိပ်ကိုနှိုက်ပြီးကြည့်လိုက်တော့
YOU ARE READING
ဆုံမှတ်တွေရဲ့အလွန်
Romanceအိမ်ချင်းကပ်ရက်ငယ်ဘဝထဲကသိလာတဲ့သူငယ်ချင်းနှစ်ယောက်တက္ကသိုလ်ထိတူတူတက်ပြီးကံကြမ္မာဆိုးကြောင့်ခွဲခွာသွားရတဲ့သူတို့နှစ်ဦးအမှတ်မထင်ဘယ်လိုအခြေနေတွေနဲ့ပြန်ဆုံတွေ့ကြပြီးဘာတွေဆက်ဖြစ်သွားမလည်း? ဒီficလေးမှာတော့မင်းသားက red flagဘက်ကိုနည်းနည်းရောက်မယ်နော်