ရင်ခွင့်ကိုလှိုင်းက အဲ့နေ့ရန်ဖြစ်ပြီးတဲ့နေ့ကစပြီးစကားသိပ်မပြောတော့ချေ။
ကျောင်းသွားရင်တော့ အန်တီစောင့်ပြီးတူတူသွားခိုင်းလို့ထင်ရဲ့ဝတ္တရားအရတော့ ကျောင်းတူတူသွားပေမယ့် ရင်ခွင်တို့နှစ်ယောက်စလုံးစကားမပြောဖြစ်ပါ။ရင်ခွင်တို့အဲ့လိုနဲ့ပဲ၁၀တန်းတက်ရမည့်နှစ်သို့ရောက်လာခဲ့သည်။
ကိုကိုကတော့ စီးပွားရေးတက္ကသိုလ်သို့တက်ရောက်နေပြီးရင်ခွင်တို့နဲ့အရင်လိုမဆုံဖြစ်တော့ပါ။
ပြီးတော့ဖေဖေကလည်း မနှစ်ကရင်ခွင်၉တန်းကတည်းက၃လတစ်ခါလစာသာပို့ပေးတတ်ပြီး လူကတော့လုံးဝရောက်မလာတော့ပါ။မေမေကိုမေးတော့လည်း မေမေကမအားလို့နေမှာပါသမီးရယ်ဟုသာတွင်တွင်ပြောပြီး ညဘက်တွေဆိုမေမေ့အခန်းဘက်မှာရှိုက်သံတစ်ချို့ကြားရပါသည်။မေမေဘာတွေသိထားလို့ဘာတွေတစ်ယောက်ထဲစိတ်ဆင်းရဲနေရတာလည်း ရင်ခွင်သိချင်ပေမယ့်မေမေကိုယ်တိုင်ပြောပြမယ့်နေ့ကိုသာရင်ခွင်စောင့်နေမိပါသည်။
ရင်ခွင်ဆယ်တန်းနှစ်မှာမထင်မှတ်ထားရတာတွေအများကြီးကြုံရမယ်ဆိုတာ ကံကြမ္မာကနမိတ်ဖတ်ထားပြီးသားလားဆိုတာရင်ခွင်သိချင်မိပါသည်။
ရင်ခွင်တို့မနက်ပိုင်းကျောင်းရောက်တော့ ခိုင်ကြီးနဲ့ဇင်နှင်းကစောရောက်နေသည်။
ခုရက်ပိုင်းယွန်းပြည့်နဲ့လှိုင်းကိုတွဲမတွေ့တာတောင်ကြာပြီ"ခိုင်ကြီးလှိုင်းနဲ့ ယွန်းပြည့်ကရန်ဖြစ်ထားတာလား သူတို့နှစ်ယောက်တပူးပူးတစ်တွဲတွဲနေတာမတွေ့လို့"
ရင်ခွင်ထိုသို့မေးတော့ခိုင်ကြီးက
"ဟယ် နင်မသိဘူးလားရင်ခွင် ခက်ထန်နဲ့ယွန်းပြည့်အိမ်ပြတ်သွားတာ ၉တန်းနှစ်ပြီးထဲကလေ "
"ဟင် ဟုတ်လို့လား "
လှိုင်းက ရင်ခွင့်ကိုခိုင်ကြီးတို့ထက်တောင်သူစိမ်းဆန်သွားပါသည်။ ရင်ခွင်ကစပြီးသူ့ကိုနှုတ်ဆက်ဖို့ပြင်လိုက်တိုင်းရှောင်သွားတတ်သည်။ ရင်ခွင်လည်းမိန်းကလေးတန်မဲ့ ဆက်ပြီးမတွယ်ကပ်တော့ချေ။
အဲ့နေ့ရင်ခွင်ကမ္ဘာကြီးဇောက်ထိုးမိုးမျှော်ဖြစ်သွားသလားလို့ထင်ရအောင် ကိစ္စတွေကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့ကြတယ်။ရင်ခွင်ထိုနေ့ကိုဘယ်တော့မှမေ့နိုင်မည်မထင်ပါ။
YOU ARE READING
ဆုံမှတ်တွေရဲ့အလွန်
Romanceအိမ်ချင်းကပ်ရက်ငယ်ဘဝထဲကသိလာတဲ့သူငယ်ချင်းနှစ်ယောက်တက္ကသိုလ်ထိတူတူတက်ပြီးကံကြမ္မာဆိုးကြောင့်ခွဲခွာသွားရတဲ့သူတို့နှစ်ဦးအမှတ်မထင်ဘယ်လိုအခြေနေတွေနဲ့ပြန်ဆုံတွေ့ကြပြီးဘာတွေဆက်ဖြစ်သွားမလည်း? ဒီficလေးမှာတော့မင်းသားက red flagဘက်ကိုနည်းနည်းရောက်မယ်နော်