အခန်း(၁)
84 11 8
“ဘောင်းဘီအတိုဝတ်ခဲ့။မင်းကိုလယ်ထဲဆင်း
ခိုင်းမလို့”
“ဟင့်"
ထနောင်းရဲ့စကားတစ်ခွန်းမှာဇမ္ဗူ့ မျက်နှာကြီးရှုံ့မဲ့သွားသည်။တောထဲရောက်ရင်လယ်ကွင်း
တွေကြားထဲဓာတ်ပုံရိုက်ရင်းဓာတ်ဖမ်းမယ်လို့
စိတ်ကူးထားတာ။အခုတော့တိမ်များလိုလေထဲ
လွင့်ပါသွား…
ခံစမ်း။မင်းဘာလို့လယ်သမားကိုယူခဲ့တုန်း။
ဇမ္ဗူ ဘောင်းဘီဒူးတိုကိုလဲဝတ်ရင်းဉာဏ်နီဉာဏ်
နက်တွေထုတ်သည်။ငါကဘာလို့တစ်ယောက်
တည်းဒုက္ခခံရမှာလဲ။သူ့ယောက်ဖဖိုးခွေးရဲ့ကြင်ယာတော် မိုးသစ္စာမောင်ရွာရောက်နေတာပဲ။လာလေရော့ကောင်းခြင်းအဖြာဖြာတွေ။မိုးသစ္စာမောင်ဆီဖုန်းခေါ်တော့တန်းပြီးကိုင်သည်။
“မင်းအခုဘယ်မှာလဲ"
“ဖိုးခွေးရဲ့နွားခြံမှာနွားချေးကျုံးနေတယ်"
“အေး…ကျုံးပြီးရင်ငါ့အိမ်လာခဲ့။နာရီဝက်အတွင်းလာနော်။ငါကခေါ်တာမဟုတ်ဘူး။နောင်းနောင်းကခေါ်တာ။မုန့်ဟင်းခါးကျွေးမလို့တဲ့"
ဟိုဘက်ကအဖြေစကားမကြားရသေးခင်ဖုန်းကိုတိခနဲ့ချပစ်လိုက်သည်။မလာလို့ကတော့ဖိုးခွေးနဲ့တိုင်ပြောမယ်။ဖိုးခွေးကနောင်းနောင်းဆိုအသေကြောက်တာ။
ထနောင်းကဆိုင်ကယ်ကိုအိမ်ရှေ့ထုတ်လာပြီး-
“ဟေ့ကောင်မြို့သား…တောထဲသွားမှာကိုပြင်လို့ဆင်လို့မပြီိးတော့ဘူးလား"
“ပြီးပါပြီအသက်ရဲ့။တောထဲရောက်ရင်လယ်ထဲပျိုးဖြန့်ပေးရမှာမဟုတ်လား"
“ဟုတ်တယ်လေ။မင်းရောငါရောလယ်ထဲဆင်း
ပြီးပျိုးဖြန့်ရမယ်။လယ်ရှင်ကဖြန့်မပေးရင်ကောက်စိုက်မတစ်ယောက်ကပျိုးဖြန့်လုပ်ရမှာ။ကောက်စိုက်မအလျော့မခံနိုင်ဘူး။ငါ့လယ်တွေအချိန်မှီမပြီးဘဲနေလိမ့်မယ်”
“အဲဒါဆိုအသက်အရင်သွားနှင့်။ဟိုကောင်ငမိုးကိုအဖော်ခေါ်ပြီးနောက်ကလိုက်ခဲ့မယ်"
“ကိုမိုးကိုဘာလို့ခေါ်မှာလဲ"
“ဒီကောင်ရွာရောက်တုန်းလယ်ထဲဆင်းခိုင်း
မလို့လေ"