အခန်း(၃)
53 9 1
ဇမ္ဗူ နဲ့ထနောင်းကစိုးထွန်းတို့သားအဖကိုဆေးရုံပို့ပြီးလိုအပ်တာတွေလုပ်ပေးပြီးရွာပြန်လာကြသည်။ငမိုးနဲ့ကောက်စိုက်မတွေ၊လယ်ထဲကကိစ္စတွေဘယ်လိုအဆုံးသတ်သွားတယ်မသိ။အိမ်ပြန်ရောက်တော့မိုးချုပ်နေပြီ။ကားပေါ်ကအဆင်းမှာဖုန်းဝင်လာလို့ကိုင်လိုက်တော့ကာလသား
ခေါင်းဖိုးသန်းဝင်း။
“ကိုသန်းဝင်းပြော…ဘာလဲ"
“……"
“သြော်အခုလား”
“……"
“လာခဲ့မယ်လေ"
ဇမ္ဗူ ဖုန်းချရင်းဘေးဖက်ကိုမျက်လုံးစွေကြည့်လိုက်သည်။ထနောင်းကမျက်နှာရှစ်ခေါက်ချိုးနဲ့ကြည့်နေသည်။ဇမ္ဗူ မျက်နှာချိုသွေးလိုက်သည်။
“အဟီး…အသက်"
“မိုးချုပ်နေပြီ။ဘယ်ကိုသွားပြီးဘယ်ကိုလာဦးမှာလဲ”
“ကိုသန်းဝင်းတော”
“မသွားရဘူး”
“ဘာလို့တုန်း”
“မနက်ဖြန်လယ်စိုက်စရာတွေကျန်သေးတယ်။
မင်းလည်းလယ်ထဲဆင်းရမှာ။စောစောအိပ်ပြီးအနားယူ”
“အသက်ကလည်း"
ထနောင်းကမျက်စောင်းထိုးပြီးအိမ်ထဲဝင်သွားသည်။ဇမ္ဗူ ကနောက်ကနေစူပုပ်ပုပ်နဲ့လိုက်လာသည်။သွားချင်တဲ့ဆီမသွားရတော့စိတ်ကမကြည်။ဉာဏ်နီဉဏ်နက်တွေတော့ထုတ်နေသည်။ထနောင်းနဲ့အတူညစာစားရတာလည်းမြိုမကျ။လုပ်ချင်ရာမလုပ်ရလို့ရင်ခံနေသည်။
ထမင်းစားပြီးအပေါ်ထပ်ရောက်တော့ထနောင်းကရေချိုးခန်းထဲဝင်ပြီးရေအရင်ချိုးသည်။ဇမ္ဗူ ရေချိုးခန်းတံခါးကိုခေါက်လိုက်သည်။
“ဒေါက်…ဒေါက်…ဒေါက်”
“ဘာလဲ”
“အောင်စုတို့အိမ်ခဏသွားမလို့”
“ဘာကိစ္စလဲ”
“အောင်သီဟနဲ့အလုပ်ကိစ္စဆွေးနွေးစရာရှိ
တယ်”
“သွား”
ခွင့်ပြုချက်ရတော့ဇမ္ဗူ လေ၏အလျင်ကဲ့သို့အခန်းထဲကပြေးထွက်သွားသည်။သူ့ရဲ့အလုပ်ခန်းထဲ
ဝင်ပြီးသူ့ရဲ့လျို့ဝှက်ပစ္စည်းကိုယူသည်။အိတ်အမဲကြီးနဲ့ထုပ်ပြီးဆွဲကာအောက်ထပ်ဆင်းလာခဲ့
သည်။အိမ်ပြင်ရောက်တော့ထနောင်းရဲ့စီးတော်ယာဉ်ဆိုင်ကယ်ကိုယူပြီးထွက်လာခဲ့သည်။သူ့ရဲ့ဦးတည်ရာကတော့…ဟင်းဟင်းဟင်း။