ညနေခင်းနေဝင်စအချိန်တွင်စိုးထွန်းဆရာလေးအိမ်ရှေ့ရောက်သွားသည်။အိမ်ကတိတ်ဆိတ်ရုံမကမှောင်မဲနေသည်။ဒီအချိန်ဆိုရင်အိမ်ထဲမှာမီးထွန်းသင့်နေပြီ။စိုးထွန်းဆရာလေးဆီကတောင်းထားတဲ့ဖုန်းနံပါတ်ကိုဆက်ကြည့်လိုက်သည်။သုံးကြိမ်မြောက်မှကိုင်သည်။
“ဟယ်လို"
“ဆရာလေးအသံကဘယ်လိုဖြစ်တာလဲ။နေမကောင်းဘူးလား”
“ကောင်းပါတယ်။အခုမှအိပ်ယာကနိုးလို့”
“ကျွန်တော်အိမ်ရှေ့ရောက်နေတယ်။တံခါးဖွင့်
ပေးဦး”သူဖုန်းဆက်ပြီးမှအိမ်ထဲမှာမီးလင်းလာပြီးအဖြူ ရောင်အရိပ်လေးအိမ်ရှေ့ထွက်လာသည်။ဆံပင်
စုတ်ဖွားနဲ့တကယ်ကြီးအိပ်ယာကထလာတဲ့ပုံ။ခြံတံခါးလာဖွင့်ပေးတော့သူကားကိုခြံထဲမောင်းဝင်
လာခဲ့သည်။ပိတောက်ပင်အောက်မှာကားရပ်ပြီးကားထဲကထွက်တာနဲ့ခြံတံခါးသော့ကိုတောင်းလိုက်သည်။သော့ကသုံးချောင်းတွဲမို့တစ်ချောင်း
ဖြုတ်ယူပြီး-“အိမ်သော့ရောကျွန်တော့်ကိုတစ်ချောင်းပေးထား”
“ဘာလုပ်မလို့လဲ"
“ခင်ဗျားကိုလာချောင်းမလို့”
“ဟင်"
“တကယ်ပြောနေတာ။ခင်ဗျားကိုစိတ်မချလို့ခင်
ဗျားကိုလာချောင်းမလို့။ခြံတံခါးသော့ရော၊အိမ်သော့ရောကျွန်တော်ယူထားမှဖြစ်မယ်”ဆရာလေးဆီကသော့ကိုဇွတ်တောင်းရင်းစိုးထွန်းအိမ်ထဲရောက်လာသည်။
“ညနေစာစားပြီးပြီလား"
“ဟင့်အင်း။အိမ်ပြန်ရောက်ကတည်းကအိပ်နေတာခုထိပဲ"
“ဒါဆိုနေ့လည်စာပါလွတ်နေတာပေါ့"
“အင်း"
“ကျစ်…အဲဒါကြောင့်မို့အစာအိမ်ရောဂါဖြစ်တာ။အစာစားချိန်မှပုံမမှန်တာ"
“အကျင့်ဖြစ်နေပြီ”
“ကောင်းတဲ့အကျင့်မှမဟုတ်တာဗျာ”
“ငါအိပ်ပျော်သွားလို့ပါ”
“အခုနိုးလာတော့ဘာစားမှာလဲ။ဘာစားစရာရှိလဲ”
YOU ARE READING
Fanfic*အညာမြေ fic ရဲ့book-4 လေးပါ* ****** အညာမြေ fic ရဲ့ book-4 လေးပါ။