အမည် - မင်းမြတ်သိက္ခာ။
အသက်- ၂၉နှစ်။
မွေးနေ့ - ၁၁ရက် ၁၁လ ၁၉၂၃ ခုနှစ်။
အရပ် - ၆ပေ ၁လက်မ ဝန်းကျင်။
အရည်အချင်းနှင့်ဂုဏ်ပုဒ်များ - (တက္ကသိုလ် ကျောင်းသားခေါင်းဆောင်၊ အင်္ဂလန်နိုင်ငံ University of Oxford မှာ ၁၉၄၈ ခုနှစ်တွင် ဘွဲ့ရခဲ့၊ဘိလပ်ပြန် ၊ ရေနံကုမ္ပဏီတစ်ခု၏ အကြီးတန်းအရာရှိမင်း ၊ စည်းစိမ်ချမ်းသာကြွယ်ဝပြီး မြို့တော်ဝန်၏တစ်ဦးတည်းသော သားဖြစ်သူ။
.
.
.
.
.
.
.
.ဇာတ်လမ်းအစ...
၁၉၅၂ ခုနှစ်ဝန်းကျင်...။မြို့တော်ဝန် ၏ အိမ်အတွင်း လူများစုရုံးစုရုံးနှင့်ဝင်ချည်ထွက်ချည် ပြုလျက်ရှိကြသည်။ခြံအတွင်းတွင်တော့ စတုဒီသာ ကျွေးသလို စားပွဲဝိုင်းများခင်းကျင်းထားပြီး ဟင်းအမျိုးအမည်စုံလင်စွာနှင့် ဧည့်ခံကျွေးမွေးထား၍ မြိန်ရည်ယှက်ရည်နှင့်စားသောက်နေကြသည့်လူအများအပြားပင်။
အားလုံးသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကြသည်။မော်တော်ကားတွေ မြင်းလှည်းတွေ ဂါလီတွေ မမြင်ချင်မှအဆုံး...မြင်ကွင်းအတွင်းမရေတွက်နိုင်အောင်နှင့် ကျယ်ဝန်းသောခြံဝန်းကြီးအတွင်းအစီတရီတမျိုး ဖြစ်သလိုထိုးရပ်ထားသည်ကတမျိုး ။
ဤနေ့သည်ကား မြို့တော်ဝန်ဦးကျော်ညွှန့်၏ ဒုတိယအကြိမ် မင်္ဂလာဧည့်ခံပွဲဖြစ်ပြီး အစိုးရဝန်ထမ်း အရာရှိတော်တော်များများနှင့်ရပ်ကွက်သူ ရပ်ကွက်သားများ ဝိုင်းဝန်းအားဖြည့်ပေးမှုကြောင့် သိပ်ကိုစည်ကားသိုက်မြိုက်စွာပေါ့။
YOU ARE READING
F.B.T.L
Romance၁၉၅၀ ကျော်ဝန်းကျင်နှင့် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကိုအခြေခံ၍ရေးသားထားသည်။ဇာတ်လမ်းပါ အကြောင်းအရာတချို့သည် အပြင်လောကနှင့်တချို့တဝက်သက်ဆိုင်သလို၊စိတ်ကူးယဥ်ရေးထားသည့်အကြောင်းအရာများလည်းဖြစ်သည့်အတွက်မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုခြင်း အလျဥ်းမရှိ။